4/03/2015

♪ CDMA 450 MHz ဖုန်းများ ထပ်မံ တိုးချဲ့ရန်နှင့်ပြောဆိုခနှုန်းထားလျှော့ ချရန် အစီအစဉ် မရှိ ♫


CDMA 450 MHz ဖုန်းများ ထပ်မံတိုးချဲ့ရန်နှင့် ပြောဆိုခနှုန်းထားလျှော့ချရန် အစီအစဉ်မရှိကြောင်း သိရ သည်။

နိုင်ငံတကာတွင် CDMA 450 MHz စနစ်ထက် GSM/UMTS စနစ်ကို အသုံးပြုလာသဖြင့် ရေဒီယိုစက် ပစ္စည်းများနှင့် ဟန်းဆက်ထုတ်လုပ်သူ ရှားပါးလာခြင်းကြောင့် လည်းကောင်း၊ International Roaming ဆောင်ရွက်ရာတွင်အခက်အခဲရှိ၍ ကျယ်ပြန့်စွာအသုံးပြုမှု နည်းပါးလာခြင်းကြောင့်လည်းကောင်း CDMA 450 MHz စနစ်ကို ထပ်မံတိုးချဲ့ပေးရန်နှင့် CDMA 450 MHz မိုဘိုင်းတယ်လီဖုန်း ပြောဆိုခ နှုန်းထားများကို လျှော့ချပေးရန် အစီအစဉ်မရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောကြားသည်။

အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကျင်းပရာ၌ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းထုတ်ပေးထားသော CDMA 450 MHz ဖုန်း၏အနာဂတ်စီမံဆောင်ရွက်မည့် အခြေအနေကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်တွင်း၌ CDMA 450 MHz ဖုန်းများအပါအဝင် CDMA 800 MHz , GSM, WCDMA ဖုန်း အမျိုးအစားများကို အသုံးပြုလျက်ရှိသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com