4/09/2015

♪ Oppo က ဘေးဘောင်များမပါသော စမတ်ဖုန်းအသစ်ကို ရောင်းချမည် ♫

1

တရုတ် စမတ်ဖုန်းထုတ်လုပ်သူ Oppo က မျက်နှာပြင်၏ ဘယ်နှင့်ညာဘက်တွင် ဘေးဘောင်များမပါ ရှိသော စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်မည် ဖြစ်သည်။ စမတ်ဖုန်းအသစ်၏ ဓါတ်ပုံကို အမည် မသိသော သတင်းအရင်းအမြစ်တစ်ခုက အွန်လိုင်းတွင် ပြသခဲ့ခြင်း ဖြစ်ပါသည်။

Oppo က စမတ်ဖုန်းအသစ်တွင် Android နှင့် သူ၏ ကိုယ်ပိုင် ColourOS တို့ကို ပေါင်းစပ် အသုံးပြု ထားပါသည်။ Oppo က စမတ်ဖုန်းအသစ်ကို Find 7 ကဲ့သို့ပင် တစ်ကမ္ဘာလုံး တွင် ရောင်းချမည် ဖြစ်သည်။ စမတ်ဖုန်းအသစ်ကို အသုံးပြုနေသည့် ဗီဒီယိုတစ်ခုလည်း အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိပါသည်။

Oppo ၏ စမတ်ဖုန်းအသစ်သည် Find 7 ၏ Specification များနှင့် တူညီမည်ဟု သတင်းထွက်ပေါ်နေ သဖြင့် 2K Display နှင့် 50 MP Photos များကို ရိုက်ကူးနိုင်သည့် ကင်မရာ တပ်ဆင်ထားမည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com