4/09/2015

♪ BlackBerry Porsche Design P’9983 Graphite ကို ကနေဒါတွင် ရောင်းချ ♫

2

BlackBerry က ၂၀၁၄ ခုနှစ်တွင် ကြေညာခဲ့သော တတိယမျိုးဆက် Porsche Design P’9983 Graphite ကို ကနေဒါတွင် ဒေါ်လာ ၁၉၅၀ ( ကနေဒါ ဒေါ်လာ ၁၅၄၅) ဖြင့်ရောင်းချပေးလိုက်ပါသည်။

BlackBerry က P’9982 နှင့် P’9981 တို့၏ မျိုးဆက်ဖြစ်သော P’9983 ကို ထုတ်လုပ်ရန် Porsche Design အဖွဲ့နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်ပါသည်။ P’9983 ၏ အနောက်ဘက်ကို သားရေဖြင့် ဖုံးအုပ်ထားပြီး Porsche Design Logo ကို အနောက်ဘက်တွင် စတီးဖြင့် ပြုလုပ်ထားပါသည်။

QWERTY Keyboard ကို စတီးဖရိမ်ဖြင့် ပြုလုပ်ထားပြီး တောင်ပြောက်သည့် အသွင်သဏ္ဍာန်ရှိပါသည်။ BlackBerry P’9983 တွင် ၃.၁ လက်မအရွယ် 720×720 pixels Display တပ်ဆင်ထားပါသည်။ Qualcomm Snapdragon S4 Plus Chipset မောင်းနှင်မည်ဖြစ်သည်။ 2GB RAM နှင့် 1080p Video များကို ရိုက်ကူးနိုင်သော 8MP Rear Camera ပါရှိပါသည်။ အရှေ့ဘက်တွင် 2MP Camera ပါရှိပါသည်။ 2100mAh Battery ထည့်သွင်းထားပါသည်။

Porsche Design P’9983 တွင် BlackBerry Messenger ကို အကန့်အသတ်ဖြင့် အသုံးပြုနိုင်သည့် PIN ကို ပံ့ပိုးပေးထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com