4/09/2015

♪ ပြည်တွင်းဈေးကွက်ကို ၀င်ရောက်လာတဲ့ဈေးချို Mid-rang စမတ်ဖုန်း HTC Desire 526 G+ ♫


Dual-SIM စမတ်ဖုန်းတွေ ပြည်တွင်းကို အဆက်မပြတ် ၀င်ရောက်နေတဲ့ အခုအချိန်မှာ ပြည်တွင်း မှာ ဈေးကွက်ဝေစု အခိုင်အမာ ရရှိထားတဲ HTC ကလည်း Dual SIM အသုံးပြုနိုင်တဲ့ နောက်ထပ် အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးကို ပြည်တွင်းဈေးကွက်အတွက် ယူဆောင်လာခဲ့ပါတယ်။ ဖုန်းရဲ့အရည်အသွေးနဲ့ အသုံးပြုတည်ဆောက်ထားတဲ့ ပစ္စည်းတွေကြောင့်သာ အလယ်အလတ်တန်းစား လို့ခေါ်ဆိုနိုင်ပေမယ့် ရောင်းချတဲ့ ဈေးနှုန်းကတော့ ၁၆၅၀၀၀ိ/- ကျပ်သာရှိတဲ့အတွက် budget စမတ်ဖုန်း သာသာ ဈေးနှုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ဒီဇိုင်းပုံစံက ဟိုးအရင် Desire Series တွေရဲ့ပုံစံကိုပြန်လည်ဆန်းသစ် ထားတဲ့ ပုံစံမျိုးဖြစ်ပေမယ့် အနားသတ်ထောင့်ချိုးတွေက လုံးဝန်းကာ မျက်နှာပြင်က အပေါ်အောက် dual-speaker နှစ်ခုကြားမှာ အပြင်ကိုကြွထွက်နေတဲ့ပုံစံမျိုးဖန်တီးပေးထားပါတယ်။

အရင် Desire ဖုန်းတွေနဲ့သိသိသာသာကွဲပြားတဲ့အချက်ကတော့ ဖုန်းရဲ့ဘေးပတ်ပတ်လည်ကိုယ်ထည်အိမ် မှာ ဖုန်းရဲ့အရှေခြမ်းနဲ့ အနောက်ခြမ်းကို ခွဲခြားပေးထားတဲ့ Colour ring (blue, red, black) ကိုထည့်သွင်းပေးထားပြီး နောက်ကျောဘက်က ကင်မရာနားနဲ့ HTC Logo တို့ကို အဲဒီ Colour ring ကအရောင်အတိုင်း ပုံဖော်ပေးထားတဲ့အတွက် အမြင်ဆန်းသစ်ပြီး လှပတဲ့ ဖုန်းတစ်လုံးအဖြစ် တွေ့မြင်ရ မှာဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ကို်ယ်ထည်ကို ပလပ်စတစ်နဲ့ တည်ဆောက်ထားပေမယ့် အစင်းရာ အခြစ် ရာ အလွယ်တကူမထင်အောင်၊ လက်ထဲကနေအလွယ်တကူချောထွက်မသွားအောင် လည်းပြုလုပ်ပေးထား ပါသေးတယ်။

Hardware
ဖုန်းရဲ့မျက်နှာပြင်အရွယ်အစားဟာ 4.7” ဖြစ်ပြီး 540x960 pixels (234ppi ရှိတဲ့အတွက် အရွယ် အစားထက် အရည်အသွေးဟာ ပိုမိုသာလွန်ပြီး ကြည်လင်တောက်ပတဲ့ qHD မြင်ကွင်းကို အသုံးပြုနိုင် မှာဖြစ်ပါတယ်။ Quad Core 1.3 CPU နဲ့အတူ 1GB RAM ထည့်သွင်းထားတဲ့အတွက် ဈေးနှုန်းသင့်တဲ့ အလယ်အလတ်တန်းစားစမတ် ဖုန်းထဲမှာ အတော်လေးကောင်းမွန်တယ်လို့ဆိုနိုင်ပါတယ်။ နောက်ကျော ဘက်က အဓိကကင်မရာ ဟာ 8MP အရည်အသွေးပါဝင်ပြီး video ရိုက်ကူးမယ်ဆိုရင် 1080p ထိရိုက် ကူးနိုင်ကာ၊ အရှေ့ဘက်မျက်နှာစာက ကင်မရာကလည်း 2MP သာပါဝင်ပေမယ့် video ရိုက်ကူးမယ်ဆိုရင် 720p အထိရိုက်ကူးနိုင်စေမှာဖြစ်ပါတယ်။ Video ရိုက်ကူးနေစဉ်အတွင်းမှာပဲ selfie ရိုက်ကူးချင် တယ်ဆိုရင်လည်း ရိုက်ကူးနိုင်စေမယ့် dual Camera လုပ်ဆောင်ချက်ပါဝင်ကာ လူအများအပြားနဲ့ အုပ်စုလိုက် group photo ရိုက်ကူးချင်ရင်းလည်း ရိုက်ကူးနိုင်စေမယ့် ထောင့်ကျယ်ရိုက်ကူးနိုင်မယ့် စနစ်တွေ ထည့်သွင်းပေးထားပါတယ်။

ဒီဖုန်းမှာ အဓိက အားသာတဲ့အချက်ကတော့ ဈေးနှုန်းချိုသာပြီး အရွယ်အစားငယ်တဲ့ စမတ်ဖုန်းဖြစ်ပေမယ့် ကြည်လင်လှပတဲ့ ပုံရိပ်တွေကို အကောင်းဆုံး ရိုက်ကူးနိုင်စေဖို့ ဖြစ်ပါတယ်။ နေ့စဉ် ကြုံတွေ့နေကျ ကိစ္စအ၀၀ကို လွယ်ကူလျင်မြန်စွာ မှတ်တမ်းတင်နိုင်ဖို့ HTC ရဲ့ အကောင်းဆုံးကင်မရာပိုင်းဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေပေးထားပြီး တန်းဖိုးရှိလှတဲ့ အခိုက်အတန့်လေးတွေကို အရည်အသွေးပြည့်ဝတဲ့ ပုံရိပ်တွေ၊ လှုပ်ရှားမှု Video တွေအဖြစ် သိမ်းဆည်းထားနိုင်စေဖို့ အဓိက ရည်ရွယ်ထားပါတယ်။ ဖုန်းကိုမောင်းနှင်တဲ့ OS ကလည်း Android 4.4 ဖြစ်ပြီး ထုံးစံအတိုင်း HTC Sense နဲ့အတူ HTC BlinkFeed ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Platform : AndroidTM 4.4 with HTC Sense HTC
Blink FeedTM
CPU : Quad-Core 1.3GHz
Display : 4.7 inch.qHD
Camera : 8MP AF Main Camera 1080p Full HD
video recroding 2MP Front Camera 720p HD
video recroding video Highlights
Memory : Total Storage: 8GB. Avaliabel capacity varies,
RAM : 1GB, Supports micro SD, TM up to 32GB
(Card not included)
Connectivity : 3.5 mm stereo audio jack Bluetooth 4.0, WiFi,
IEEEE 802.11b/g/n(2.4GHz), GPS
Size : 139.8x69.65x9.8mm
Weight : 147g
Battery : 2000mAh
SIM Card Type : micro SIM(USIM)
Network : GSM 850/900/1800/1900MHz, WCDMA 850/900
/1900/2100MHz

Credit : Techspace Journal
Ref: Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com