Microsoft က Lumia 430 ကို ကြေညာလိုက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်
ဈေးသက်သာစေရန် ပြုလုပ်ပေး ထားပါသည်။ Dual-SIM Handset ဖြစ်ပြီး အိန္ဒိယ၊
အာရှ အလယ်ပိုင်း ၊ အာရှ-ပစိဖိတ်၊ ရုရှား၊ ကာဇက်စတန် ဘီလာရုစ်နှင့်
အာဖရိကတွင် ဧပြီလအတွင်း ရောင်းချပေးမည် ဖြစ်သည်။ အနက်နှင့်
လိမ္မော်ရောင်များ ထုတ်လုပ်ပေးထားပါသည်။
Lumia 430 တွင် 1.2GHz Dual-Core Processor ပါရှိသော Qualcomm Snapdragon 200 Chipset မောင်းနှင်မည် ဖြစ်သည်။ 1GB RAM, 4” LCD Display ( 800×480) , 8GB Internal Storage ပါရှိပါသည်။
128GB ၀င်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ မျက်နှာချင်းဆိုင်တွင် 0.3 MP VGA Camera ပါရှိပါသည်။ အနောက်ဘက်တွင် 2MP Camera တပ်ဆင်ပေးထားပါသည်။
Microsoft က Lumia Device အားလုံးတွင် Windows 10 ကို အဆင့်မြှင့်ခွင့်ပေးမည်ဟု ကတိပေးထားသဖြင့် Lumia 430 တွင်လည်း Windows 10 ကို အသုံးပြုနိုင်မည် ဖြစ်သည်။
Myanmar Digital Life Journal