4/11/2015

♪ Huawei P8 နှင့်ပတ်သက်၍ သတင်းများ ထပ်မံထွက်ပေါ် ♫


Huawei P8 သည် လက်ရှိတွင် မကြာခဏ သတင်းများထွက်ပေါ်လျက်ရှိပြီး P8 သည် လူများ၏ အာရုံစိုက်မှုလည်း ရရှိလျက်ရှိသည်။ P8 တွင် 5.2” ရှိ Screen ပါဝင်လာမည်ဟုသိရပြီး 2600mAh ဘက်ထရီကို သုံးထားကြောင်းဆိုသည်။

dual-LED နှင့် 13MP ကင်မရာတို့ပါဝင်မည်ဖြစ်ပြီး လက်ဗွေဖတ်နိုင်သော Scanner ပါဝင်မည်ဟုလည်း ခန့်မှန်းကြသည်။ P8 တွင် Full HD 1080 p Resolution ရှိ display ပါဝင်မည်ဟုလည်းဆိုသည်။ P8 အား April 15 တွင် တရားဝင်ထုတ်ဖော်ပြသသွားမည်ဟုလည်း သိရသည်။


သတင်းသစ်တစ်ခုတွင်မူယခင်ကဆိုသကဲ့သို့ Kirin 930 SoC နှင့်မဟုတ်ဘဲအသစ်စက်စက် Kirin 935 SoC ပါဝင်မည်ဟုဆိုသည်။ Kirin 930 Chip နှင့်ပတ်သက်၍ မူရင်းနှီးပြီးသားဖြစ်ကြပြီး ၄င်းသည် Cortex A-53 Cores အားပြင်ဆင်ထားခြင်းဖြစ်ကာ big.LITTLE architecture အားသုံးထားပြီး Huawei Media Pad X2 အတွင်း၌ တွေ့ကြရသည်။ Kirin 935 နှင့်ပတ်သက်သော အချက်အလတ်များမှာမူ လက်ရှိတွင်ရှားပါးဆဲဖြစ်သည်။

Model ပေါ်မူတည၍ ခန့်မှန်းရာတွင် မူယခင် Version အားအဆင့်မြင့်တင်ထားချင်းဖြစ်ပုံရသဖြင့် တူညီသော Processor Core များကို သုံးထားကာပို၍ စွမ်းဆောင်ရည်မြင့်မားသည့် Chip ဖြစ်နိုင်ကြောင်း ယူဆထားကြသည်။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com