4/11/2015

♪ HND Diploma in Computing & Systems Development သင်တန်းများ ပြည်တွင်းတွင် တက်ရောက် သင်ကြားနိုင် ♫



YOUTH Computer Center I တွင် HND Diploma in Computing & Systems Development သင်တန်းများ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မတ်လ ၂၇ ရက်တွင် ကျင်းပပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ HND သင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင် ပြီးသူ (သို့) IGCSE, GCE-A Level အောင်မြင်ပြီးသူများနှင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ တက်ရောက်နိုင်သည်။ Under- graduate ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Pre HND တက်ရန် လိုအပ်မည်ဖြစ်သည်။ Pre HND တွင် ကျောင်းသားများအား IELTS and English 4 Skill နှင့် IT Subject ၄ ခုကို သင်ကြားရမည် ဖြစ်သည်။ HND Year 1 တွင် ဘာသာရပ် ၉ ခု၊ HND Year 2 တွင်ဘာသာရပ် ၉ ခု စုစုပေါင်း ဘာသာရပ် ၁၈ ခု သင်ကြားရမည်ဖြစ်သည်။

HND Year 2 ပြီးဆုံးပါက B.Sc (Hons;) ကို ပြည်တွင်းတွင်ဖြစ်စေ၊ အင်္ဂလန်၊ သြစတြေးလျ၊ အမေရိက စသော နိုင်ငံခြားတက္ကသိုလ်များတွင် တက်ရောက်နိုင်မည်ဖြစ်သည်။ Single Subjects (Domain Professional) သည် ဘာသာရပ်တစ်ခုတည်းကိုသာလျှင် သင်ကြားရပြီး သင်ကြားလိုက်သော ဘာသာရပ် တစ်ခုတည်းသာလျှင် ကျွမ်းကျင်တတ်မြောက်မည်ဖြစ်သည်။ HND တွင် ဘာသာရပ် ၁၈ ခု သင်ကြားရ မည် ဖြစ်ပြီး CCNA/CCNP ဘာသာရပ်များလည်း ထည့်သွင်း သင်ကြားသည့် အတွက် Conceptual Skills ရရှိပြီး Domain Professional များကို  အုပ်ချုပ်ရသော Manager, Chief, Entrepreneur Level အထိ တက်လှမ်းနိုင် မည် ဖြစ်သည်။ Single Subjects ကို သင်ယူထားပါက Operational Level တွင်ရပ်နေ မည် ဖြစ်ကြောင်း သိရသည်။

YOUTH International College တွင် တက်ရောက်လိုသူများအနေဖြင့် Assignment တင်ခြင်း၊ Project များ ပြုလုပ်ခြင်း၊ Presentation များပြုလုပ်ခြင်း စသည်ဖြင့် သင်ကြားပေးမည်ဖြစ်သည်။

Edexcel ၏ ပညာရေးစနစ်တွင်ကျောင်းသားများ၏ လုပ်ငန်းခွင်ဝင်နိုင်ရန်အတွက် အရည်အသွေး ပိုမိုမြင့်မား လာစေရန် Assignment ဖြင့် စစ်ဆေးအကဲဖြတ်ပြီး  သင်ကြားလိုက်သော ဘာသာရပ်များအား ကျွမ်းကျင် တတ်မြောက်မှသာလျှင် Assignment တင်နိုင်မည် ဖြစ်သည်။ အသေးစိတ်သိရှိ လိုပါက YOUTH Computer Center ဖုန်း-၂၅၄၈၉၃ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com