4/07/2015

♪ Google ၏ Android Auto ကို ကားများတွင် တပ်ဆင်နိုင်ပြီ ♫

3

Google က အမေရိကန်၊ ဗြိတိန်နှင့် သြစတျေးလျရှိ သတ်မှတ်ချက်နှင့် ကိုက်ညီသော ကားများတွင် Android Auto ကို ထည့်သွင်းနိုင်ပြီဟု ကြေညာပါသည်။

Android Auto သည် Android 5.0 Device များနှင့် ကား၏ Head Unit or Infotainment System တို့နှင့် ချိတ်ဆက်အသုံးပြုရခြင်း ဖြစ်ပြီး ယာဉ်မောင်းသူအနေဖြင့် ဖုန်းပြောခြင်း၊ တည်နေရာညွှန်ပြမှုများ ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းနှင့် အခြား စွမ်းဆောင်ချက်များစွာကို အသုံးပြုနိုင်မည် ဖြစ်သည်။

Google ၏ ကြေညာချက်အရ အမေရိကန်တွင် စတင်ထည့်သွင်းနိုင်မည့် ကားများမှာ Pioneer ၏ AVIC-8100NEX, AVIC-7100NEX, AVH-4100NEX စနစ်ထည့်သွင်းထားသော ကားများ ဖြစ်ပါသည်။ ဗြိတိန်တွင် AVIC-F77DAB, AVIC-F70DAB, AVH-X8700BT နှင့် သြစတျေးလျတွင် AVIC-F70DAB , AVH-X8750BT တို့ ထည့်သွင်းထားသော ကားများတွင် အသုံးပြုနိုင်မည် ဖြစ်သည်။

Android Auto သည် ကားများအတွင်းတွင် ဖုန်းကို အသုံးပြုသူများအတွက် လွယ်ကူစေရန် ပြုလုပ်ပေး ထားခြင်း ဖြစ်ပြီး မိုဘိုင်း ကိရိယာတစ်ခု ကဲ့သို့မဟုတ်ဘဲ ကားတွင်း စနစ်တစ်ခုကဲ့သို့ အသုံးပြုနိုင် မည် ဖြစ်သည်။ Android Device ရှိ Google Maps, Search, Play Music , Voice တို့ကို ကားတွင်း စနစ် အနေဖြင့် လွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်သည်။

Android Auto စနစ်ကို အသုံးပြုရန် Android Auto Companion App ကို Play Store မှ ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

Apple ကလည်း CarPlay ကားတွင်း စနစ်ကို တီထွင်နေပြီး BMW ကလည်း သူ၏ ကိုယ်ပိုင် ကားတွင်း စနစ်ကို တီထွင်နေပါသည်။ Google က Android Auto ကို ၂၀၁၄ ခုနှစ် ဇွန်လတွင် ကြေညာခဲ့ပြီး တစ်နှစ်နီးပါး အကြာ ယခုမှသာ ကားများတွင် စတင် ထည့်သွင်းနိုင်အောင် ပြုလုပ်ပေးနိုင်ခြင်း ဖြစ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com