4/07/2015

♪ လက်ကျန်ဖုန်းဘီလ်နည်းပါးနေချိန်တွင် အရေးပေါ်ဖုန်းဘီလ်ချေးနိုင်သည့် ၀န်ဆောင်မှုတယ်လီနော စတင် ♫


လက်ကျန် ဖုန်းဘီလ်နည်းပါးနေချိန်တွင် အရေးပေါ်ဖုန်းဘီလ်ချေးနိုင်သည့် ၀န်ဆောင်မှုကြိုသုံးအဖြစ် အရေးပေါ်ဖုန်းဘီလ်ချေးနိုင်သည့် ၀န်ဆောင်မှုကို စတင်လိုက်ပြီးဖြစ်ကြောင်းသိရသည်။ ချေးယူသည့် ဖုန်းဘီလ် ၅၀၀ ကျပ်အား ရက် ၃၀ အသုံးပြုခွင့်ပေးထားပြီး ချေးငှားပြီးနောက် ပထမဆုံးအကြိမ်ပြန် လည် ငွေဖြည့်သည့်အထဲမှ ၅၀၀ ကျပ်အပြင် ၀န်ဆောင်ခ ၅ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

တယ်လီနော မြန်မာ ဆင်းမ်ကတ်တွင် ဖုန်းဘီလ် ၂၀၀ကျပ်အောက် လျော့နည်းနေချိန်တွင် တယ်လီနော ကုမ္ပဏီမှ ဖုန်းဘီလ် ၂၀၀ ကျပ်အောက် လျောနည်းနေချိန်တွင် တယ်လီနောကုမ္ပဏီမှ ဖုန်းဘီလ် ၅၀၀ ကျပ် ချေးယူနိုင်သည့် ၀န်ဆောင်မှုကို ပြီးခဲ့သော ဧပြီ ၁ ရက်မှ စ၍ ၀န်ဆောင်မှုပေးခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ချေးယူနိုင်သည့် ကြိုသုံးဝန်ဆောင်မှု အသုံးပြုရန် *500# သို့ဖုန်းခေါ်ဆို၍ ကြိုသုံးငွေ ၅၀၀ ကျပ် ရောက် ရှိမှုရှိ၊ မရှိ *124*1# ကိုနှိပ်၍ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကြိုသုံးငွေ ၅၀၀ ကျပ်ကို တယ်လီနော ဖုန်အချင်းချင်း လက်ကျန်ငွေလွှဲပြောင်းခြင်းမှ လွဲပြီး ဖုန်းပြောခြင်း၊ အင်တာနက် အသုံးပြုခြင်း အစရှိသော ၀န်ဆောင်မှုများအား အသုံးပြုနိုင်မည်ဖြစ်ကာ ကြိုသုံးငွေပြန်လည် ပေးဆောင်ပြီးမှသာ နောက်တစ်ကြိမ်ထပ်မံ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

တယ်လီနောအနေဖြင့် သတင်းများ၊ အားကစားသတင်းများနှင့် ဗေဒင်တွက်ချက်မှု ၀န်ဆောင်မှုများအား SMS စနစ်ဖြင့် ပါဝန်ဆောင်မှုပေးနေပြီး တယ်လီနော၏ ထပ်တိုးဝန်ဆောင်မှုများအနေဖြင့် My Tune, Facebook Zero, Facebook SMS, Mobile Portal, Free Wikipedia, Opera Mini Browser, Missed Call Alert,, Voice Mail, Balance Transfer, SMS Based Services အပါအ၀င်ယခုကြိုသုံးဝန်ဆောင်မှု များအား အပိုထပ်တိုးဝန်ဆောင်မှုများအဖြစ်ပေးနေကြောင်းသိရသည်။

Credit : Techspace Journal
Ref:Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com