4/09/2015

မှော်ဝန်းသား ဦးခင်ညွန့် နှင့် အင်တာဗျူး

မြန်မာစာပေ ဘဏ္ဍာတိုက် ထဲသို့ ယခု ရက်ပိုင်းအတွင်း ဝင်ရောက်လာသော စာအုပ် များထဲတွင် လူစိတ်ဝင်စားမှု ခံရသည့် အတ္ထုပ္ပတ္တိ စာပေ အမျိုးအစား စာအုပ်တစ်အုပ် မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ရေးသားသော ကြုံတွေ့ခဲ့ရ ကျွန်တော့် ဘဝအထွေထွေဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်သည် ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာ့ နိုင်ငံရေးတွင် လူ စိတ်အဝင်စားဆုံး ခေါင်းဆောင် များထဲမှ တပ်မတော် ခေါင်းဆောင် တစ်ဦး လည်း ဖြစ် သည်။
သူ့ကြောင့် ကြီးပွား ချမ်းသာခဲ့ရ သူများ ရှိသလို၊ ဘဝပျက်ခဲ့ရ သူများလည်း မနည်းပေ။ ထို့ကြောင့် သူ့ဘဝ အကြောင်း စာရေးဆရာ များ ရေးသား ထားသည့် ဆရာ မြတ်ခိုင် ပြုစုသော ဗိုလ်ချုပ်ကြီးဟောင်း၊ ထောက်လှမ်းရေး ညွှန်မှူးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် နှင့် အင်တာဗျူး၊ လင်းထင်၊ နောင်ကျော် ၊ မောင်လွင်မွန် (ကသာ)၊ လက်ျာဝင်း၊ ကျော်ကိုကို (ဗကသ) တို့ ရေးသားသော ဗိုလ်ချုပ်ကြီးဟောင်း၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် သို့ တုံ့ပြန်ချက်၊ သန်းဝင်းလှိုင် ရေးသားသော ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှု အပေါင်း သရဖူဆောင်းခဲ့သူ စသည့် စာအုပ် များသည် လည်း ရိုက် သလောက် ရောင်းရသော စာအုပ်များ ပင်ဖြစ်သည်။ ယခုသူ ကိုယ်တိုင် ရေးသား ထားသည့် စာအုပ်သည် ထောက်လှမ်းရေး ခေါင်းဆောင် တစ်ယောက်၏ ဖွင့်ဟ ဝန်ခံချက် မဟုတ်သည့်တိုင် အတိုင်းအတာ တစ်ခုထိ စိတ်ဝင်စားမှု ခံရသည့် အတွက် စာရေးသူ မှော်ဝန်းသား ဦးခင်ညွန့်ကို Popular News က မေးမြန်းဖော်ပြလိုက်ရပါသည်။
စာအုပ်ရေးဖြစ်ခြင်း
ဒီစာအုပ်က ဘဝဖြတ်သန်းမှု အစုံကို ရေးထားတာပါ။ အဓိက စိတ်ကတော့ တိုင်းပြည်ကို အေး ချမ်းစေချင်တယ်။ ငြိမ်းချမ်း စေချင်တယ်။ ငြိမ်းချမ်း မှ တိုင်းပြည် ဖွံ့ဖြိုး တိုးတက် မှာမို့ အေးချမ်းစေချင်တဲ့ စိတ်နဲ့ပဲ ရေးခဲ့တာပါ။
လက်ရှိ ကိုးကန့်ကိစ္စ အပေါ် သဘောထား
ကိုးကန့်မှာက အုပ်စုလေး တွေရှိကြတယ်။ အဲဒီ အုပ်စုလေး တွေမှာလည်း ပဋိပက္ခလေးတွေ ရှိ ကြတယ်။ အရင် ငြိမ်းချမ်းရေးယူ စဉ်က အဲဒီ အုပ်စုတွေက တစ်ပေါင်း တည်း။ အခုတော့ ကွဲနေကြတယ်။ နောက်ဆုံး အခြေအနေ ကိုတော့ သေချာ မသိပါဘူး။ ဘယ်လို ကြောင့် ကွဲထွက်ကုန်လဲ ဆိုတာ ဂဃနဏ မသိပါဘူး။
တကယ်လည်း ငြိမ်းချမ်းရေး ဆိုတာကို ကိုးကန့်ကပဲ စတာပဲ လေ။ ကိုးကန့်က စပြီး ကျန်တဲ့ အဖွဲ့ တွေက တဖြည်းဖြည်း ဝင်လာကြ တာ။ ဒါကြောင့် ကိုးကန့်က နံပါတ် တစ်ပဲ။ ဗကပ ကနေ ခွဲထွက်ထား တာလေ။ အဲဒီ အကြောင်း ကိုလည်း ရေးထားပါတယ်။ ဒါပေမဲ့ လက်ရှိ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ အတိုင်း အတာ ကိုတော့ သေချာ မသိဘူး လေ။ လက်တွေ့ လုပ်ကိုင်နေတဲ့ သူတွေပဲ အသိဆုံး ဖြစ်မှာပဲလေ။ သူကမာရင် ကိုယ်ကလည်း မာမယ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး။ အခုချိန်မှာတော့ အားလုံး က မာဖို့ မကောင်းဘူးလို့ ထင်တယ်။
သူပြောပြတဲ့ ချစ်တကောင်းသားများအကြောင်း
 ရိုဟင်ဂျာ ဆိုတာ အရင်တုန်း ကတော့ ကုလားဆိုးလို့ ခေါ်ကြ တာလေ။  RSO လို့လည်း ခေါ် တယ်။ ဒါက သောင်းကျန်း သူတွေ ရဲ့ အသုံးအနှုန်းတွေပါ။ လူမျိုးထဲ မှာတော့ မပါဘူး။ အဲဒီအချိန်တုန်း က ချစ်တကောင်းသား လို့ သုံးနှုန်း ခဲ့တယ်။ အခုမှ ရိုဟင်ဂျာ ဆိုပြီး ဘာကြောင့် ပေါ်လာပါလိမ့်။
ရွေးကောက်ပွဲတွင် ဝင်မပြိုင်ပါ
တပ်မတော် ကလည်း ထုတ် ပယ်လိုက်တယ်။ နိုင်ငံတော် အစိုးရ ကလည်း ထုတ်ပယ် လိုက်တယ်။ အထုတ်ပယ် ခံလိုက်ရတဲ့ သူ တစ်ယောက်ပါ။ ဘာထောက်ပံ့ကြေး မှ မရှိသလို ပင်စင်လည်း မရှိဘူး။ အခု အစိုးရ အဖွဲ့ နဲ့လည်း အဆက် အသွယ် မရှိဘူး။ ပါတီ နဲ့ လည်း အဆက်အသွယ် မရှိဘူး။ တချို့က ထင်ကြတာမျိုး ရှိလိမ့်မယ်။ လက်ရှိ အစိုးရ နဲ့ အဆက်အသွယ် ရှိလိမ့် မယ်လို့ ထင်ကြမယ်။ ဘယ်သူ နဲ့မှ အဆက်အသွယ် မရှိပါဘူး။ အကြံ ဥာဏ်လည်း မတောင်းပါဘူး။ သူ တို့ဘာ သူတို့ပဲ လုပ်နေကြ တာပါ။ ၂ဝ၁၅ မှာ ဝင်အရွေးခံမယ် လို့ ထင်ကြတယ်။ ဝင်လည်း မပြိုင်ပါ ဘူး။ တစ်မျိုးသားလုံး နဲ့ သက်ဆိုင် တဲ့ဟာမျိုးတော့ လုပ်သွားမှာပါ။ ပါတီနိုင်ငံရေး တော့ မလုပ်ပါ ဘူး။
သူ၏ နိုင်ငံခြားရေးအမြင်
အစိုးရ အဆက်ဆက်လက်ခံ ကျင့်သုံးလာတဲ့ ဘက်မလိုက် နိုင်ငံ ခြားရေး မူဝါဒဟာ အခုချိန်ထိ မှန် နေတုန်းပဲ။ အမေရိကန် ဘက်လည်း လိုက်လို့ မရသလို တရုတ်နိုင်ငံ ဘက်လည်း လိုက်လို့မရဘူး။  အိန္ဒိယ နိုင်ငံ ဘက် ကိုလည်း လိုက်လို့ မရဘူး။ ဘယ် နိုင်ငံဘက် ကိုမှ လိုက်လို့မရ ဘူး။ အာဆီယံ နိုင်ငံတွေ ထဲမှာ လည်း ကိုယ်က လိုက်လျော ညီထွေ နေတတ်ရမယ်။  ပြည်ထောင်စုကြီး တည်မြဲရေး ခိုင်မြဲရေး အတွက် ဒါ ဟာ အဓိကပဲ။
စာအုပ်ထဲမှာလည်း အနှစ် ချုပ်ပြီး ကောင်းရာ ကောင်းကျိုး အတွက် အကြံပြုထားပါတယ်။

Popular News

==> စာအုပ်ဖတ်ချင်ရင် ဒီလင့် မှာသွားဒေါင်းပါ  <==




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>










<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download