
ဆမ်ဆောင်းနှင့် Shop. com.mm တို့ ပူးပေါင်း၍ ၎င်းတို့ ၏ စမတ်ဖုန်းများနှင့် အီလက်ထရွန်နစ် ထုတ်ကုန်များကို
အိမ်အရောက်ပို့ပေးမည့် အွန်လိုင်းလက်လီစတိုးဖွင့်လှစ်ကာရောင်းချပေး မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
Credit ;7Day Daily (Naing Linn Aung)
အဆိုပါပူးပေါင်းဆောင်ရွက်မှုကြောင့် အွန်လိုင်းမှ ဈေး ၀ယ်သူများအနေဖြင့်
ဆမ်ဆောင်းမှ ထုတ်လုပ်သည့် စမတ် ဖုန်းများ၊ တက်ဘလက်များ၊ တီဗီနှင့်
ဒစ်ဂျစ်တယ်အသုံးအဆောင် ပစ္စည်းများအားလုံးကို ရှာဖွေ၍ ၀ယ်ယူနိုင်မည်ဖြစ်ပြီး
အော်ဒါမှာ ယူမှုအတည်ပြုပြီးပါက ပစ္စည်းကို ၀ယ်ယူသူထံသို့
အိမ်အရောက်ပို့ပေး မည်ဖြစ်သည်။
‘‘ကမ္ဘာတစ်ဝန်းမှာ လက်လီ
ရောင်းချမှုပုံစံဟာ E-commerceစနစ်ကို ပြောင်းလဲနေပါတယ်။ ဆမ်ဆောင်း အနေနဲ့
သုံးစွဲသူတွေ ကို အလွယ်ကူဆုံးနဲ့ အသက်သာ ဆုံးဖြစ်စေဖို့အတွက်
အခုပူးပေါင်းမှု ကို ဆောင်ရွက်လိုက်တာဖြစ်ပါ တယ်’’ဟု ဆမ်ဆောင်းမြန်မာရုံးခွဲ
မှ Head Of Marketing Richard See က ပြောသည်။
ဆမ်ဆောင်း၏ အီလက်ထရွန်နစ် ထုတ်ကုန်များကို အွန်လိုင်းမှ ၀ယ်ယူလိုပါက https://www.shop.com.mm/mobile-phones/samsung/တွင် ၀င်ရောက်မှာယူနိုင်ပြီး ၀ယ်ယူသည့် ပစ္စည်း များအားလုံးကို တစ်နှစ်အာမခံစနစ်ဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။