2/19/2015

♪ အကြမ်းခံနိုင်သော Torque အမည်ရှိဖုန်းကို Kyocera ကုမ္ပဏီမိတ်ဆက် ♫


ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က ဂျပန်နိုင်ငံ အခြေစိုက်ကုမ္ပဏီ Kyocera သည် ဥရောပ ဖုန်းဈေးကွက်သို့ ထိုးဖောက်ရန် နောက်ဆုံးပေါ် Torque ဟန်းဆက်ကို မိတ်ဆက်ခဲ့သည်။

အဆိုပါ GSM ဟန်းဆက်ကို မတ်လ၌ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့တွင် လုပ်ငန်းအချင်းချင်း ဈေးကွက် ရှာဖွေသည့် စနစ် (B2B) ဖြင့် ရောင်းချသွားမည် ဖြစ်သည်။ ၎င်းဟန်းဆက်ကို မည်သည့်အချိန်တွင် မည်သည့် ဈေးနှုန်းဖြင့် ရောင်းချမည် ဆိုခြင်းကို မသိရှိရ သေးသော်လည်း အလယ် အလတ် ဈေးနှုန်းဖြင့် ရောင်းချ သွားဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။

၂၀၁၃ ခုနှစ်က Kyocera သည်အဆိုပါ နာမည်ဖြင့် ဟန်းဆက်တစ်လုံးကို အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီ Sprint တွင် ရောင်းချခဲ့ဖူးသည်။ Torque ဖုန်းတွင် sapphire crystal display ဖြင့်ဖန်တီးထားပြီး ရုပ်ထွက်အရည်အသွေး 1,280x720 pixel ရှိသည့် ၄.၅ လက်မ HD display ပါဝင်သည်။ ၎င်းတွင် ပါဝင်သည့် Touchscreen ကို လက်အိတ် ဝတ်ဆင်၍လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

Kyocera ၏ Torque တွင် Android  KitKat အပြင် Qualcomm 1.4GHz   Snapdragon ပရိုဆက်ဆာနှင့် ကြိုးမဲ့အားသွင်းနိုင်သော 3,100mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။ ထို့အပြင် Torque ၏ ကျောဘက် ကင်မရာတွင် 8 megapixel နှင့် ရှေ့ ကင်မရာမှာ 2 megapixel တို့အသုံးပြုထားသည်။ အခြား ကြမ်းခံနိုင်သည့် Kyocera ဟန်းဆက်များကဲ့သို့ပင် Torque သည် IPX5 နှင့် IPX8 စံသတ်မှတ်ချက်နှင့် အညီ ရေစိုခံသည့်အပြင် ကုမ္ပဏီ၏ Smart Sonic Receiver အသံစနစ် နည်းပညာလည်း ပါဝင်လာသည်။

၎င်းဖုန်းကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပမည့် 2015 Mobile World Congress တွင် မိတ်ဆက် ပြသသွားမည် ဖြစ်ကြောင်း Kyocera ကအတည်ပြု ခဲ့သည်။

Ref: CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com