2/19/2015

♪ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ နိုင်ငံ တစ်ဝန်းလုံး ဖွင့်လှစ်ရန် စီစဉ် ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်များ နိုင်ငံတစ်ဝန်းလုံး ဖွင့်လှစ်ရန်ဆောင်ရွက်သွား မည် ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဆိုင် (Brand Shop) များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ကနဦးဖွင့်လှစ်သွား မည် ဖြစ်ပြီး ၎င်းနောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ဆက်လက်တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာတော့ ရန်ကုန်မှာ ငါးဆိုင်၊ မန္တလေးမှာ သုံးဆိုင်၊ နေပြည်တော်မှ နှစ်ဆိုင် ဖွင့်သွား ဖို့စီစဉ်နေပါတယ်။ နောက်ပိုင်း အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ တစ်နေရာနှစ်ဆိုင်စီ ဖွင့်သွားမယ်။ အဲဒါပြီးရင် ခရိုင်မြို့ကြီးတွေမှာပါ ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်တယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Brand Shop များတွင် MPT မှထုတ်သော ထုတ်ကုန်များ (ဆင်းမ်ကတ်၊ ငွေဖြည့်ကတ်) များကို တိုက်ရိုက်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com