2/06/2015

♪ Spy Camera ပါဝင်သည့် Handset ♫


Two in One, Three in One ပစ္စည်းများ လူကြိုက်များနေသော အချိန်တွင် အသုံးတည့်ပြီး စိတ်ဝင်စားစရာကောင်းသည့် Spy Camera ပါဝင်သော GSM Handset တစ်မျိုးကို Nadi Mobile တွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ 2G ဆင်းကတ်နှစ်ကတ် တစ်ပြိုင်တည်း ထည့်သုံးနိုင်မယ့် Dual SIM ဖုန်းဖြစ်ပြီး Keypad နှင့် Bartype ဖြစ်သည်။ Forme ဟု အမည်ရပြီး ၂.၅ လက်မအရွယ် TFT LCD နှင့် ဖြစ်သည်။

High Definition ရိုက်ကူးနိုင်သော ပင်မကင်မရာအပြင် လူမသိစေဘဲ အလွယ်တကူ ရိုက်နိုင်သည့် Spy Camera တစ်ခုကိုလည်း ထည့်သွင်းပေးထားသည်။ ဓာတ်ပုံရော ဗီဒီယိုကိုပါ ရိုက်နိုင်မည် ဖြစ်သည်။ Auto Call Record လုပ်နိုင်သည့်အပြင် MP3/ MP4 နှင့် FM ရေဒီယိုစနစ်များလည်း ပါဝင်သည်။ စက်အတွင်းမှတ်ဉာဏ်အတွက် Micro SD ကတ် ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။ LED ဓာတ်မီး ပါဝင်သည်။ ကြာရှည်ခံ ဓာတ်ခဲကို အသုံးပြုထားသည်။

Keypad ဖုန်းဖြစ်သော်လည်း အင်တာနက်သုံးခြင်းအပြင် Faeebook  နှင့် Whats App စသည်တို့ကိုပါ အသုံးပြုနိုင်မည် ဖြစ်သည်။ တန်ဖိုးကျပ် ၂၅,၀၀၀  ဝန်းကျင်ဖြင့် ဖုန်း ၀၉-၅၀၁၉၆၂၉ နှင့် ၀၉-၅၁၆၃၅၆၄ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com