2/05/2015

♪ တန်ဖိုးသင့်တင့်ပြီးအရည်သွေးကောင်းမွန်သော - Singtech Mini Tablet ♫


ဖုန်းပြောဆိုခြင်းအပြင် အင်တာနက် ကောင်းကောင်းအသုံးပြုနိုင်ပြီး အားလပ်ချိန်တွင် အပန်းဖြေ၊ ရုပ်ရှင် ကြည့်၊ ဂိမ်းဆော့ခြင်းများကို ပြုလုပ်နိုင်သော Tablet တစ်မျိုး ဖြစ်သည်။ အာမခံ တစ်နှစ်ပါဝင်သော Singtech အမှတ်တံဆိပ် Sapphire i-Tab mini ဖြစ်ပြီး မော်ဒယ်မှာ SGT-7850 ဖြစ်သည်။

3G စနစ်ဖြစ်သည့်အတွက် Ooredoo နှင့် Telenor ဆင်းကတ်များကို ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ မျက်နှာပြင် အကျယ်မှာ ၇.၈၅” (Resolution 1024x768) ရှိပြီး IPS Touch စနစ်နှင့်ဖြစ်သည်။ Android v4.2.2  OS ကို အသုံးပြုထားပြီး Quad Core 1.3 GHz CPU နှင့် ဖြစ်သည်။ RAM 1 GB နှင့်ဖြစ်ပြီး Internal Storage Memory 8GB ပါဝင်သည်။

Internal Storage Memory မလုံလောက်ပါက Micro SD ကတ် ထပ်စိုက်ပြီး ထပ်တိုး အသုံးပြုနိုင် မည် ဖြစ်သည်။ ရှေ့၊နောက် ကင်မရာနှစ်လုံး ပါဝင်ပြီး 2 MP နှင့် 5 MP စီ ရှိမည် ဖြစ်သည်။

Wireless စနစ်ကောင်းမွန်ပြီး Bluetooth နှင့် Wi-Fi စနစ်ကို ကောင်းကောင်းအသုံးပြုနိုင်မည် ဖြစ်သည်။ Screen Guard တစ်ခုကိုလည်း လက်ဆောင်အနေဖြင့် ထည့်သွင်းပေးထားသည်။

တန်ဖိုးမှာ ကျပ် ၁၅၀,၀၀၀ ကျော် ဖြစ်ပြီး Mobile King ဖုန်း ၅၄၂၀၂၀ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ် သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com