2/04/2015

Samsung Glaxy S4 GT-I9500 ကို android ရဲ့ နောက်ဆုံး virsion 5.0.1 (Lollipop) ထိ မြှင့်ကြရအောင်.

အားလုံးပဲ မင်္ဂလာပါခင်ဗျာ....
ဒီတစ်ခါ ကျွန်တော်တင်ပေးချင်တာလေးကတော့
Samsung Glaxy S4 GT-I9500 ကို android ရဲ့
 နောက်ဆုံးဖြစ်တဲ့ virsion 5.0.1 (Lollipop) ထိ
မြှင့်ကြည့်ကြမယ်ဗျာ... 

လိုအပ်တဲ့ ဖိုင်လေးတွေကို အောက်က Link မှာ
ဒေါင်းလိုက်ပါ...
Firmware Package and extract the zip file
>>> Download <<<

Odin 3 virsion (3.10.6)
>>> Download <<<

Firmware မတင်ခင် သတိထားရမယ့်အချက်.
၁) ဖုန်းထဲက data , contact တွေကို backup ယူပါ.
၂) ဖုန်း battery အား အနည်းဆုံး 80 % ထားထားပါ.
၃) Samsung driver များကို PC မှာ install လုပ်ထားပါ.
၎) ဖုန်းမှာ USB Debugging on ထားပါ..
၅) ကိုယ်တင်မယ့်ဖုန်းက model no. သေချာစစ်ပါ..

ok ဒါတွေအကုန်လုံး လုပ်ပြီးပြီးဆိုရင်တော့ စတင်ပါတော့မယ်

Download ဆွဲထားတဲ့ Odin 3 ကို zip ဖြည် , install
လုပ်ပြီး Run as Administrator နဲ့ ဖွင့်လိုက်ပါ...

ပြီးရင် ဖုန်းကို Download mode ခေါ်ထားပါ...
ပြီးရင် ဖုန်းကို ပါဝါပိတ်ပြီး Volume Down+Home+Power
ကို တူတူတွဲဖိထားပါ... message တစ်ခုတက်လာရင် Vol up
ကို တစ်ချက်နှိပ်လိုက်ပါ.. Download mode  ဆီ
ရောက်သွားပါလိမ့်မယ်.. (ဆရာများကျော်သွားပါ)
ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ ကြိုးထိုးပါ.(usb ကြိုး ကောင်းပါစေ)
ပြီးရင်  Odin 3 မှာ add ဆိုတဲ့ mesaage ပေါ်လာလိမ့်မယ်
ဒါမှမဟုတ် အကွက်လေးမှာ အရောင်ပြည့်သွားလိမ့်မယ်။

ကဲပြီးရင်တော့ အောက်မှာပြထားတဲ့ ပုံအတိုင်း 
ခုနကဒေါင်းထားတဲ့ Firmware ဖိုင်ထဲက 
ဖြည်ထားတဲ့ .tat.md5 ဖိုင်လေးတွေကို သက်ဆိုင်ရာ
အလိုက်မှန်အောင် ဖြည့်သွားပေးပါ 
အရေးကြီးပါတယ် နေရာလုံးဝမှားလို့မရပါဘူးခင်ဗျာ.

အစိမ်းလေးကတော့ ဖုန်းကို ကွန်ပျူတာနဲ့ ကြိုးထိုး
တဲ့အခါ ပေါ်လာမယ့် အမှတ်အသားတစ်ခုပါ...


တစ်ခုလေးတော့ ကြိုပြောချင်တယ်ဗျာ..
နည်းပညာမှာ တင်သော post များကို Share
ပြန်လည်ဝေမျှတဲ့အခါ Download လင့်တွေမှာ
ကြော်ငြာပို့များ adf.ly ,, adf.oc  စတဲ့ ကြော်ငြာလင့်များ
ကြားမခံပေးပို့တောင်းဆိုပါရစေ... ဒီတိုင်းလေးပဲ
credit မပေးချင်ရင်နေပါ ကြားထဲက ကြော်ငြာလင့်တွေ
မထည့်ပါနဲ့လို့... ကျနော်လည်း လိုင်းမကောင်းတဲ့ နေရာမှာ
နေနေတဲ့အတွက်ကြောင့် လိုင်းမကောင်းတဲ့သူတွေကို
ကိုယ်ချင်းစာလို့ပါ....အဆင်ပြေပါစေ.....


Min Oke Kar (ဘီလူးကျွန်းသားလေး)