2/18/2015

♪ Samsung Galaxy S6 တွင် လျင်မြန်သည့် ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာဖွယ်ရှိ ♫


မတ်လတွင် ကျင်းပမည့် Mobile World Congress တွင် ပွဲထုတ်မိတ်ဆက်မည့် Samsung Galaxy S6 တွင် လျင်မြန်သည့် ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

Samsung သည် ကြိုးမဲ့အားသွင်းစနစ် အသုံးပြုရန် လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက အရိပ်အမြွက် ပြောကြားခဲ့သည်။ ထို့အပြင် ကြိုးမဲ့အားသွင်းစနစ် စံသတ်မှတ်ရေးအဖွဲ့ သုံးခုအနက် နှစ် ခု ဖြစ်သည့် Power Matters Allaince (PMA) နှင့် Alliance for Wireless Power (A4WP) တို့ကလည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့သည်။

ကြိုးမဲ့အားသွင်းစနစ်အတွက် ၁၅ နီးပါး ရင်းနှီးမြှုပ်နှံခဲ့သည့် Samsung သည် ယခုနှစ်တွင် အဆိုပါ နည်းပညာကို Galaxy ဟန်းဆက်သစ်တွင် ပေါင်းစပ်ထည့်သွင်းရန် စီစဉ်လျက်ရှိသည်။

ထို့ကြောင့် Galaxy S6 သည် ကြိုးမဲ့အားသွင်းစနစ်အတွက် အဓိက စံသတ်မှတ်ချက် အားလုံးကို ထောက် ပံ့ပေးထားသည့် ပထမဦးဆုံး ထုတ်ကုန်များတွင် အပါအဝင်ဖြစ်လာမည် ဖြစ်ပြီး ယခင် နည်းပညာ အသုံးပြုထားသည့် ထုတ်ကုန်များထက် အလျင်အမြန် အားသွင်းနိုင်ဖွယ်ရှိသည်။

Ref: CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com