2/18/2015

♪ Samsung Galaxy Mega Plus ♫


အချို့သော တံဆိပ်တွေဟာ အမျိုးအစားသစ်ဖုန်းတွေကို ထုတ်လုပ်တဲ့ အခါတွင် နိုင်ငံတိုင်းကို ဖြန့်ချိခြင်း မဟုတ်ဘဲ သီးသန့်နိုင်ငံတစ်ခုအတွက်သာ ရည်ရွယ်ပြီး ရောင်းချခြင်းများရှိပါတယ်။ ကမ္ဘာ့ဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်သော ဖုန်းဖြစ်ပေမယ့် လည်း ဖြန့်ချိသည့် နိုင်ငံ အပေါ်မတည်ပြီး၊ မော်ဒယ်နံပါတ် အလိုက်ပါဝင်သော စွမ်းရည်များ အနည်းငယ်ကွဲပြားသည့် ဖုန်းများလည်းရှိပါတယ်။ Samsung ဟာ ဖုန်းအမျိုးအစားအသစ်များစွာကို လစဉ်လတိုင်း မိတ်ဆက်ထုတ်လုပ်ရောင်းချပေးနေသော ကုမ္ပဏီတစ်ခုဖြစ် ပါတယ်။ အသစ်ထုတ်လုပ်သည့် ဟန်ဆက်တိုင်းပြည်တွင်းကို မရောက်ရှိပါဘူး။ 

ကမ္ဘာ့ဈေးကွက်တစ်ခုလုံးကို ဖြန့်ချိခြင်းမပြုဘဲ အချို့နိုင်ငံများအတွက်သာ ထုတ်လုပ်သော Samsung ရဲ့ ဟန်းဆက်တစ်မျိုးကတော့ Mega Plus ဖြစ်ပါတယ်။ Mega Plus ဟာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်လုပ်ထားတာဖြစ်ပြီး၊ GSM နဲ့ CDMA network အထောက်အပံ့ရရှိပါမယ်။ ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 162.6x82.4x8.99mm ဖြစ်ကာ၊ အလေးချိန်ကတော့ 183.5g ရှိပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် အကျယ်အ၀န်းကတော့ 5.8inches ဖြစ်ပြီး၊ မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေး ထားသော pixels ပမာဏကတော့ 540x960 ပါ။ ဓာတ်ပုံရိုက်ကူနိုင်ဖို့အတွက် ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး၊ အဓိကကင်မရာကတော့ 8MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 1.9 MP စွမ်းရည်ပါ။

မှတ်ဥာဏ်ပမာဏအနေဖြင့် ထောက်ပံ့ပေးထားတာကတော့ RAM ကို 1.5GB နှင့် internal Storage ကို 8GB ဖြစ်ပါတယ်။ Wifi, GPS, Sensor စနစ်များလည်း အသုံးပြုလို့ရပါမယ်။ ဖုန်းကို လျင်မြန်စွာ အသုံးပြုနိုင်စေဖို့ အတွက် ထည့်သွင်းပေးထားသော processor အမျိုးအစားကတော့ Quad core 1.2GHz ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား ကတော့ 2600mAh စွမ်းရည် ရှိပါတယ်။

Network - GSM/CDMA
Screen - 5.8inches
Memory - 8GB
Bluetooth - Yes
CPU - Quad Core 1.2GHz
OS - Android OS, v4.2

Credit : Mobile Guide Journal
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com