2/13/2015

♪ Samsung Galaxy J1 ကို ကြေညာ ♫

2

Samsung Galaxy J1 ကို Samsung Malaysia ၀က်ဆိုက်တွင် တရားဝင် စာရင်းသွင်းထားသည် ကို တွေ့ရပါသည်။

စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပြီး 1.2GHz Dual-Core Processor မောင်းနှင်မည် ဖြစ်သည်။ ၄.၃ လက်မ WVGA (480×800) Display, 512MB RAM, 4GB Internal Storage ပါရှိပြီး 128GB အထိဝင်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။

အနောက်ဘက်တွင် 5MP Camera နှင့် LED Flash တပ်ဆင်ထားပြီး အရှေ့ဘက်တွင် 2MP Camera ပါရှိပါသည်။ 1850mAh Battery က ဆယ်နာရီကျော် ဖုန်းပြောနိုင်သည်ဟု Samsung က ပြောပါသည်။

ဆော့ဝဲ အပိုင်းတွင် လက် လှုပ်ရှားမှုကို သိသော Palm Selfie ပါရှိသည့်အတွက် လက်လှုပ်ရှားရုံဖြင့် ဓါတ်ပုံရိုက်ကူးနိုင်ပါသည်။ ထို့အပြင် ဖုန်းမျက်နှာပြင်၏ မည်သည့်နေရာကို မဆို တစ်ချက်နှိပ်ရုံဖြင့် ဓါတ်ပုံရိုက်ကူးပေးသည့် Tap to Take Pics စွမ်းဆောင်ချက်ပါရှိပါသည်။ Ultra Power Saving Mode လည်း ပါရှိပါသည်။

Android 4.4 KitKat ထည့်သွင်းထားပြီး အပြာ၊ အနက်၊ အဖြူရောင်များ ရွေးချယ်နိုင်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com