2/13/2015

♪ Samsung Galaxy A7 နှင့် Xiaomi Mi 4 တို့ရဲ့နှိုင်းယှဉ်ကွာခြားချက်များ ♫


Samsung ရဲ့ မျိုးဆက်သစ်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Galaxy A Series ရဲ့ နောက်ဆုံးပေါ် A7 စမတ်ဖုန်းကို ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ပထမပတ်ထဲမှာ တရားဝင်မိတ်ဆက်ပြသခဲ့တာပဲ ဖြစ်ပါတယ်။ Dual-SIM အမျိုးအစားဖြစ်ပြီး ပါးလွှာတဲ့ကိုယ်ထည်နဲ့ အခြားစမတ်ဖုန်းတွေထက်ပိုမိုကောင်းမွန်တဲ့ အားသာချက်တွေကို Galaxy A7 မှာ တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ အရွယ်အားမှာ 5.5 inches display ရှိပြီး ဂိမ်းနှင့်ဗီဒီယိုတွေ အတွက် အတော်လေးအသုံးဝင်နိုင်ပါတယ်။ ဂရပ်ဖစ်ကတော့ Adreno 405 ဖြစ်ပါတယ်။

13MP rear camera ရဲ့ အရည်အသွေးကို လက်တွေ့အသုံးချနိုင်ပြီး Full HD ဗီဒီယိုများကိုလည်း စိတ်တိုင်းကျဖန်တီးနိုင်မှာပါ။ A7 ရဲ့ Intenal Storage ဟာ 16 GB ပါရှိပြီး 64GB ထိ micro SD နဲ့ တိုးမြှင့်နိုင်ပါတယ်။ Xiaomi Mi4 ရဲ့ Internal က 16GB နဲ့ 64GB နှစ်မျိုးရွေးချယ်စရာရှိပြီး RAM ဟာ 3GB ကိုလုံလုံလောက်လောက် အသုံြး့ပုနိုင်ပါတယ်။ Full HD 2160p ဗီဒီယိုများကို 13 MP rear camera နဲ့ ရိုက်ယူနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ 1080p full HD ဗီဒီယိုများကို 30fps နဲ့ ရိုက်ကူးပေးနိုငတဲ့ 8MP အမျိုးအစားဖြစ်ပါတယ်။ ဘက်ထရီကိုတော့ Li-Ion 3080 Non-removable battery သုံးစွဲပေးထား ပါတယ်။

* Samsung နဲ့ Xiaomi Mi 4 တို့ရဲ့ Design
Galaxy A7 ဟာ အရွယ်အစားပိုင်းမှာ A3 ထက်အနည်းငယ်ပိုကြီးလာပေမယ့် 6.3mm အထူရှိတာမို့ အပါလွှာဆုံး စမတ်ဖုန်းအဖြစ် ဈေးကွက်မှာ ရပ်တည်နိုင်အောင် တည်ဆောက်ပေးထားပါတယ်။ Galaxy A3 အတိုင်း လုံးပြည့်သတ္တုကိုယ်ထည်ကို မြင်တွေ့ရမှာပါ။

Xiaomi Mi4 ရဲ့ ဒီဇိုင်းဟာ ဘေးဘောင်တွေကို သတ္တုနဲ့ ပြုလုပ်ထားပြီး လေးထောင့်ဆန်ဆန် အသွင် ပုံစံကြောင့် iPhone နဲ့ အတော်လေးဆင်တူပါတယ်။ ပါးလွှာပြီး ခပ်ကြွားကြွားဖြစ်နေတဲ့ Mi 4 ကို မြင်တွေ့ သူတိုင်း သဘောကျနှစ်သက်မှာပါ။

* Processor
Galaxy A7 ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Qualcomm Snapdragon 615 chipset ကို သုံးပေးထားလို့ quad-core 1.7GHz နဲ့ 1.0 GHz clock speed ရရှိစေနိုင်တဲ့ Octa-core ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ RAM က 2GB ထည်ပေးထားပါတယ်။

Xiaomi Mi4 ရဲ့ processor ကို Qualcomm Snapdragon 801 ကိုသုံးပေးထားပြီး Quad-core 2.5 GHz မြန်နှုန်းနဲ့ အကောင်းဆုံးအလုပ် လုပ်ပေးနိုင်ပါတယ်။ RAM ကိုတော့ 3GB ထည့်ပေးထား တာမို့ စိတ်ကျေနပ်အောင် စွမ်းဆောင်ရည်မြင့်မြင့် ဆောင်ရွက်ပေးပါလိမ့်မယ်။

* Display
Display ပိုင်းအတွက် Samsung ဟာ A7 မှာ Screen အရွယ်အစား ကြီးမားတဲ့ 5.5inch Super AMOLED capacitive touchscreen ကိုသုံးပေးထားပါတယ်။ Full HD resolution ကို အပြည့်အ၀ ထောက်ပံ့ပေးထားပြီး ရုပ်ထွက်သိပ်သည်း ဆက 401 ppi ဖြစ်ပါတယ်။

Xiaomi Mi4 ဟာ ရုပ်ထွက်ပိုင်း HD Resolution ဖြစ်တဲ့ 1080x1920 pixels နဲ့ 441 ppi pixel density ကိုသုံးပေးထားတာမို့ ကြည်လင်ပြတ်သားဖို့အတွက် စိတ်အချရဆုံးပါ။ 5.0 inch IPS LCD touchscreen ကိုသုံးပေးထားပြီး MIUI 5.0 ကိုလည်းထည့်သွင်းပေးထားပါတယ်။

* Verdict
Samsung ဟာ A7 ကို 5.5 လက်မအရွယ် HD Display နဲ့ အခြားအဆင့်မြင့် feature တွေအပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ Octa-core processor တွေက အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဆိုတာကို သက်သေပြနိုင်ပါလိမ့်မယ်။ A7 အတွက် Pearl Whit, Midnigt Black နဲ့ Champagne Gold အရောင် ၃ ရောင်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Xiaomi Mi4 ရဲ့ အကောင်းဆုံး အားသားချက်တစ်ခုကတော့ ကင်မရာပဲဖြစ်ပါတယ်။ 13MP rear camera နဲ့ အလင်းရောင်ဖျော့တဲ့ အခြေအနေမှာတောင် ရုပ်ပုံကောင်းကောင်းကို ရိုက်ကူပေးနိုင်ပါတယ်။ Secondary ကတော့ 8MP ကိုသုံးပေးထားလို့ အရည်အသွေးကောင်းကောင်း Selfie များ ဖန်တီးနိုင်ပါလိမ့် မယ်။

Credit : Net Guide Journal
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com