2/02/2015

♪ Oppo က Phablet စမတ်ဖုန်း U3 ကို ကြေညာ ♫

1

Oppo က ၅.၉ လက်မအရွယ် 1080p Display တပ်ဆင်ထားသော U3 စမတ်ဖုန်းကို ကြေညာ လိုက်ပါသည်။ Phablet အမျိုးအစားဖြစ်ပြီး 1.7GHz Octa-Core Processor တပ်ဆင်ထားသော 64-bit Mediatek 6752 Chipset , 2GB RAM ပါရှိပါသည်။

16GB Internal Storage အပြင် MicroSD Card အသုံးပြုနိုင်ပါသည်။ 3000mAh Battery ပါရှိပြီး Oppo ၏ အားသွင်းကြိုးဖြင့် မိနစ် သုံးဆယ် အားသွင်းလျှင် ဘက်ထရီ ၇၅ ရာခိုင်နှုန်း အားဖြည့်ပေးပါသည့် Quick Charging စွမ်းဆောင်ချက်ပါရှိပါသည်။

U3 ၏ အနောက်ဘက်တွင် 13MP နှင့် အရှေ့ဘက်တွင် 5MP Camera ပါရှိပါသည်။ Android 4.4.4 KitKat မောင်းနှင်မည် ဖြစ်သည်။ Oppo က Rabbit’s Tail Case ကို ထုတ်လုပ်ပေးထားပြီး ဖုန်းကို မြဲမြံစွာ ကိုင်တွယ်နိုင်မည် ဖြစ်သည်။ Oppo U3 ကို ရောင်းချမည့် နေ့ရက်နှင့် ဈေးနှုန်းကို ကြေညာခြင်း မရှိသေးပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com