2/17/2015

♪ OPPO N3 ဖုန်းရဲ့ အားသာချက် ၊ အားနည်းချက် ၊ နည်းပညာ ၊ ဒီဇိုင်း နှင့် အသေးစိတ်ဖော်ပြချက်မျာ။ ♫


အားသာချက်
ဖုန်းမှာ အသုံးပြုထားတဲ့ CPU, GPU, Sensor အစရှိတဲ့ Hardware ပိုင်းတွေမြင့်မား ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာ ဓာတ်ပုံကင်မရာ တွေလိုမျိုး အသုံးပြုနိုင်မယ့် စနစ်တွေလည်း ပါဝင်ပါတယ်။ Sensor ပိုင်းနဲ့ ဖုန်းကို အလိုအလျောက် ခိုင်းစေမှု စနစ်ပိုင်းတွေ ကောင်းမွန်တဲ့ အပြင် ဖုန်းရဲ့လုံခြုံရေး ပိုင်းအတွက်လည်း Finger Print စနစ်ပါဝင်တာ တွေ့ရပါတယ်။ Finger Print ဟာ ဖုန်းရဲ့လုံခြုံရေး စနစ်အတွက်အပြင် ကင်မရာကို ခိုင်းစေနိုင်ဖို့ အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကင်မရာကို အဝေးထိန်း စနစ်လိုမျိုး အသုံးပြုနိုင်မယ့် Oclick လို့ခေါ်တဲ့ အဝေးထိန်း Remote စနစ်ပါဝင်ပါတယ်။

အားနည်းချက်
ဖုန်းဟာ လိုင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ Dual Sim ဖုန်းအမျိုးအစား ဖြစ်ပေမယ့် Sim 2 အပေါက်ဟာ Micro SD ကတ်နဲ့တူတူ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် မှတ်ဥာဏ်ပိုင်းမှာ Memory Card ကိုအသုံးပြုမယ် ဆိုရင်တော့ Sim Card တစ်ခုကို ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။ Memory Card အသုံးမပြုမှဘဲ Sim Card နှစ်ခု အသုံးပြုနိုင်မှာ ဖြစ်ပြီး Memory Card ကိုထုတ်သွင်း ပြုလုပ်တိုင်း Sim Card တွေအား လုံးကိုပါ ထုတ်သွင်းပြုလုပ် နေရမှာပါ။

ဒီဇီုင်း
ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်မှုဟာ အနည်းငယ်ထူးခြား ပါတယ်။ ဖုန်းရဲ့ထုထည်မှာ အပေါ်ထိပ်ပိုင်းဟာ အနည်းငယ်ထူပြီး အောက်ဘက်ကို တဖြည်းဖြည်းပါးသွားတဲ့ V ပုံစံမျိုးရှိပြီး ကိုယ်ထည်ရဲ့ ဖွဲ့စည်းမှုဟာ မာကျောကျစ်လျစ်မှု ရှိနေတာ တွေ့ရပါတယ်။ ဖုန်းရဲ့ထိပ်ပိုင်းဟာ မြင့်မားတဲ့ ကင်မရာကို တပ်ဆင် ထားတဲ့အတွက် အနည်းငယ် ထူနေတာဖြစ်ပြီး ကင်မရာဟာ 206 ဒီဂရီ လှည့်နိုင်တဲ့ ကင်မရာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ရှေ့ကင်မရာ မပါဝင်ဘဲ တစ်ပတ်လှည့်နိုင်တဲ့ ကင်မရာဖြစ်တဲ့ အတွက် ရှေ့ကင်မရာရော နောက်ကင်မရာ နှစ်ခုစလုံးဟာ Mega Pixel တူညီစွာ အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့အထက်အောက်အမြင့်ဟာ ၁၆.၁၂ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၇.၇ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၉၉ စင်တီမီတာဖြစ်ပြီး အလေးချိန်ကတော့ ၁၉၂ ဂရမ်ပါ။ နောက်ဘက် ကာဗာ အသေဖြစ်ပြီး ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင်လိုင်းဟာ ကိုယ်ထည်ကနေ အစွန်းထွက်နေတဲ့ ပုံစံမျိုး ရှိပါတယ်။ နောက်ဘက် ကာဗာမှာတော့ Finger Print Sensor ပါဝင်ပါတယ်။

ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G/ 4G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Sim Card ကတော့ Micro Sim တစ်ကတ်နဲ့ Nano Sim တစ်ကတ် နှစ်ကတ် အသုံးပြုနိုင်တဲ့ Dual Sim ဖုန်းပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၅ လက်မရှိပြီး IPS LCD Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 1080 x 1920 Pixel ရှိပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းအနေနဲ့ ဒီဖုန်းမှာ အများအပြား ပါဝင်တာတွေ့ရပါတယ်။ 206 ဒီဂရီလှည့်နိုင်တဲ့ ကင်မရာ ဟာ N1 မှာလိုမျိုး လက်နဲ့လှည့်နိုင်သလို ဖုန်းနောက်ကျောမှာပါဝင်တဲ့ Finger Print Sensor ပေါ်မှာ လက်နဲ့ပွတ်ပြီး တော့လည်း ကင်မရာကို ထိန်းချုပ်ပြီး လိုအပ်သလို လှည့်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ Touch Screen ပေါ်မှာ အထက်အောက် ပွတ်ဆွဲပြီးတော့လည်း ကင်မရာကို လှည့်နိုင်ပါတယ်။ ဒါ့အပြင် ကင်မရာကိုလှည့်တဲ့ နည်းစနစ်ပိုင်းမှာ O Click လို့ခေါ်တဲ့ ကင်မရာ အဝေးထိန်း ခလုတ်နဲ့လည်း ကင်မရာကို ထိန်းချုပ်ပြီး အသုံးပြုနိုင်တာ တွေ့ရပါတယ်။

Gesture Sensor စနစ်ပိုင်းမှာတော့ ရှေ့မှာထွက်ခဲ့တဲ့ OPPO တွေလိုပဲ Screen Off Gesture, Screen On Gesture, Smart Call, Air Gesture အစရှိတဲ့ စနစ်တွေ အားလုံးကို ထိတွေ့အသုံးပြု နိုင်မှာဖြစ် ပါတယ်။ ကင်မရာအသုံးပြု စနစ်တွေမှာဆိုရင်လည်း R5 မှာပါဝင်တဲ့ ပုံစံတွေနဲ့ ဆင်တူပါတယ်။ ကင်မရာ အသုံးပြုစနစ်တွေဟာ များပြားလှတဲ့အတွက် Setting ထဲမှာ ထည့်သွင်း ပေးထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ ကိုယ်အသုံးပြုချင်တဲ့ အချိန်တွေမှသာ အသုံးပြုလိုတဲ့ စနစ်တွေကို Install ပြုလုပ်ထည့်သွင်းပြီး  အသုံးပြုဖို့ မလိုအပ်တဲ့ အချိန်မှာပြန်လည် ဖယ်ထုတ်ထားနိုင်တဲ့ ပုံစံမျိုးပြုလုပ် ထားတာဖြစ်ပါတယ်။ RAW, Super Micro, Expert Mode, Double Exposure, After Focus, Audio Photo, Colorful Night အစရှိတဲ့ စနစ်တွေကလည်း N3 မှာပါဝင်တဲ့ နည်းပညာတွေပဲ ဖြစ်ပါတယ်။ Panorama ဓာတ်ပုံတွေကိုလည်း ကိုယ်ကလိုက်ရွှေ့ ပေးဖို့မလိုဘဲ Auto Panorama ဆိုတဲ့စနစ်နဲ့ ကင်မရာက သူ့အလိုလို တစ်ပတ်လှည့်ပြီး ရိုက်ပေးနိုင်ပါတယ်။ Finger Print စနစ်ကလည်း လက်ချောင်းငါးချောင်း မှတ်သားနိုင်ပြီး မြန်မာစာ စနစ်လည်း တစ်ပါတည်း ပါဝင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Quad-core 2.3GHz Krait 400 CPU ကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ်စနစ် အတွက်လည်း Adreno 330 GPU ကိုထည့်သွင်း ထားပါတယ်။ မှတ်ဉာဏ်ကတော့ 32GB နဲ့ 2GB RAM ဖြစ်ပြီး နောက်ထပ် မှတ်ဥာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD Card ကိုအသုံးပြု နိုင်ပါတယ်။ Android OS Version 4.4.4 ဖြစ်ပြီး နောက်ဘက် ကင်မရာကတော့ 16 Mega Pixel ကင်မရာဖြစ်ပေမယ့် တစ်ပတ်လှည့်နိုင်တဲ့ ကင်မရာ ဖြစ်တဲ့အတွက် ရှေ့ကင်မရာရော နောက်ကင်မရာပါ 16 Mega Pixel ဖြစ်ပါတယ်။ Bluetooth 4.0 စနစ်နဲ့ USB 2.0 စနစ်တွေ ပါဝင်ပါတယ်။ ဘက်ထရီကတော့ Li-Po 3000 mAh ဘက်ထရီပါ။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာကိုင်တွယ် အသုံးပြုရာမှာ အရွယ်အစားက အဆင်ပြေပြီး ကင်မရာပိုင်းမှာ ဆိုရင်လည်း ဓာတ်ပုံကင်မရာတစ်ခုရဲ့ ရုပ်ထွက်လိုမျိုး ဓာတ်ပုံတွေကို ဖန်တီး နိုင်တာ တွေ့ရပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ Sensor စနစ်ပိုင်းတွေမှာလည်း ကောင်းကောင်း အသုံးပြုနိုင်တာ တွေ့ရပြီး Finger Print စနစ်ကလည်း စိတ်ကျေနပ်စရာပါပဲ။ ကင်မရာကို တစ်ပတ်လှည့်တဲ့ နည်းပညာမှာလည်း  စနစ်လေးမျိုးလောက် အသုံးပြုနိုင်တဲ့အတွက် အသစ် အဆန်း နှစ်သက်သူတွေ အနေနဲ့ စိတ်ကြိုက်ဖြစ်စေ နိုင်မှာပါ။ ဖုန်းကိုကိုင်တွယ် အသုံးပြုချိန်မှာ အလေးချိန်ကတော့ အနည်းငယ်များပါတယ်။ VOOC နည်းပညာ ပါဝင်တဲ့အတွက် ဘက်ထရီကို အချိန်အနည်းငယ်အတွင်းမှာ အားပြည့်အောင် ပြန်သွင်းပေးနိုင်ပါတယ်။ ကင်မရာပိုင်းမှာ ကောင်းမွန်ပြည့်စုံ တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

Device Support : OPPO
Price : 649,000 Ks

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com