
တရုတ်နိုင်ငံတွင် မနေ့က Lenovo မှ အသစ်ထပ်မံထုတ်လုပ်လိုက်သည့်
ဘက်ထရီအား 4000 mAh အသုံးပြုထားသည့် Lenovo P70 စမက်ဖုန်းအသစ်အား
မိတ်ဆက်လိုက်ပါတယ်။ အဆိုပါစမက်ဖုန်းမှာ အလယ်အလတ်တန်း အမျိုးအစား အဆင့်ရှိ
စမက်ဖုန်းဖြစ်ပြီး Standby အနေဖြင့် ထားပါက ၃၄ ရက်အကျော်အထိ
အသုံးခံနိုင်ပါတယ်။
အဆိုပါ
Lenovo P70 စမက်ဖုန်းတွင် မျက်နှာပြင် ၅ လက်မအကျယ်ရှိပြီး 720p IPS
တို့ထိမျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ကင်မရာစနစ် အတွက် နောက်ကျောဘက်တွင်
13 MP ကင်မရာကို LED Flash ဖြင့်တွဲဖက် ထားပြီး ရှေ့ဘက် ကင်မရာကိုတော့ 5
MP တပ်ဆင်ထား ပါတယ်။ ချစ်ပ် အမျိုးအစားကို MidiaTek အမျိုးအစား MT6752
64-bit ချစ်ပ်ကို အသုံးပြု ထားပြီး မြန်နှုန်း 1.7 GHz ဖြစ်ကာ 0cta-core CPU
အမျိုးအစားဖြစ်ပါတယ်။
ဖုန်းအတွင်းလုပ်ဆောက်ချက်များမြန်ဆန်စေဖို့
RAM 2 GB နှင့် အချက်အလက် သိမ်းဆည်းနိုင်ဖို့ 16 GB ROM တို့ပါဝင်ကာ
ဆင်းကဒ်နှစ်ကဒ်သုံး အမျိုးအစားဖြစ်ပါတယ်။ LTE 4G စနစ်ကို
ထောက်ပံ့ပေး ထားပါတယ်။
Android OS 4.4 kikat ကို အသုံးပြုထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၂၄ လောက် ရှိပါတယ်။
Ref : GSMARENA