2/09/2015

♪ Huawei Ascend Mate 7 အကြောင်းလေ့လာနိုင်ဖို့ ♫


လက်ဗွေရာစနစ်သုံးပြီး ဖုန်းအားသုံးစွဲလာနိုင်ခြင်းဟာ ကမ္ဘာတစ်ဝန်းက နည်းပညာပစ္စည်းသုံးစွဲသူတွေရဲ့ စိတ်အာရုံကို ဖမ်းစားလာနိုင်ခဲ့ပါတယ်။ လက်ဗွေရာစနစ်ကို စမတ်ဖုန်းများတွင် စတင်ထည့်သွင်းပေးခဲ့ သူကတော့ Apple ပါ။

နောက်ပိုင်းမှာ အခြား နာမည်ကြီး ကုမ္ပဏီများဟာလည်း ထိုစနစ်ကို သူတို့ရဲ့ နောက်ဆုံးပေါ် ဖုန်းအသစ် များတွင် ထည့်သွင်းလာခဲ့ပါတယ်။ Huawei ရဲ့ နောက်ဆုံးပေါ် ဖုန်းအသစ်ဖြစ်သော Ascend Mate 7 တွင် လည်းလက်ဗွေရာစနစ်ကို သုံးစွဲနိုင်ပါတယ်။ Ascend Mate 7 သည် ပြီးခဲ့သောနှစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မိတ်ဆက်ပြသခဲ့သော ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဖုန်းရဲ့ ဒီဇိုင်းကိုယ်ထည်ဟာ ကျစ်လျစ် သိပ်သည်းပြီး၊ ကိုင်ဆောင်အသုံးပြုတဲ့အခါမှာ ကျေနပ်အားရဖွယ်ရှိပါတယ်။ 

ဖုန်းကိုသုံးစွဲတဲ့အခါမှာ အဆင်ပြေစေဖို့လည်း ကာဗာကို ထုတ်လုပ်ပေးထားပါတယ်။ လက်ဗွေရာစနစ်ကို အသုံးပြုနိုင်အောင် ဖုန်းရဲ့ နောက်ကျောဘက်တွင် တပ်ဆင်ပေးထားပါတယ်။ ဆင်းကတ် အပိုင်းနဲ့ ပတ်သက်၍လည်း အားသာချက်ရှိပါတယ်။

ဒါကတော့ဆင်းကတ်နှစ်ခုထည့်သွင်းအသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ အော်ပရေတာရွေးချယ်ခွင့်ရလာသော ယနေ့အချိန်တွင် သုံးစွဲသူများအတွက် Dual Sim ဟန်းဆက်များသည် အားသာချက်ဖြစ်စေသော ဖုန်းအမျိုးအစားများပါ။ အလုပ်ကိစ္စနှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားထားနိုင်သလို၊ အင်တာနက်သုံးစွဲနိုင်ဖို့နဲ့ အထွက် Call ခေါ်ဆိုဖို့အတွက်ပါ အမျိုးအစားမတူသည့် ဆင်းကတ်များကို ၀ယ်ယူထားကြခြင်းကြောင့် ကြိုက်နှစ်သက်တဲ့ ဆင်းကတ်ဖြင့် အကြောင်းအရအမျိုးမျိုးအတွက် သုံးစွဲနိုင်အောင် ဖုန်းတစ်လုံးတည်း ကပဲ ထောက်ပံ့ပေးထားပတယ်။ network သုံးစွဲနိုင်မှုအနေဖြင့် 4G အထိရရှိပါမယ်။

ဖုန်းရဲ့အလျားနှင့် အနံသည် 157x81 mm သာရှိပြီး အထူပမာဏကတော့ 7.9 mm ပဲရှိပါမယ်။ ဖုန်းမျက်နှာပြင်အား ၆ လက်မရှိအောင်စီမံထားပါတယ်။ pixels ပမာဏအပိုင်းမှာတော့ 1080x1920 ပါဝင်ပြီး၊ တစ်လက်မမှာ ရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 368ppi ပါ။ Gorilla Glass 3 ကိုဖုံးအုပ်ပေးထားပါသေးတယ်။ Multitouch စနစ်တွင် Emotion UI 3.0 ကိုသုံးစွဲနိုင်ပါမယ်။ DTS Sound စနစ်ဖြင့် သာယာကောင်းမွန်သော အသံများကိုခံစားနားဆင်နိုင်ပါမယ်။

ဓာတ်ပုံရိုက်ကူနိုင်စေဖို့အတွက် အဓိက ကင်မရာဟာ 13 MP စွမ်းရည်ရှိပြီး၊ Selfie ရိုက်ကူးတဲ့အခါ တွင်လည်း အဆင်ပြေစေရန်နှင့် ကြည်လင်တဲ့ပုံရိပ်တွေကို ရရှိစေဖို့အတွက် ရှေ့ကင်မရာငယ်ကို 5MP စွမ်းရည်ဖြစ်အောင် ဆောင်ရွက်ပေးထားပါတယ်။ မှတ်ဥာဏ်ပမဏမှာ နှစ်မျိုးနှစ်စားရှိပါမယ်။ RAM က 2GB ဆိုရင် internal storage က 16 GB ဖြစ်ပြီး၊ RAM က 32GB ဆိုလျှင် internal storage က 32GB ပါ။ ဘက်ထရီက Li-Po 4100mAh ဖြစ်ပါတယ်။


Credit : Mobile Guide Journal
Ref: Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com