2/02/2015

♪ HP က အရွယ်အစားမတူညီသော Android Tablet သုံးမျိုးကို ကြေညာ ♫

2

Pro Slate 8 တွင် ၇.၉ လက်မ 1536×2048 Pixels Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၂၄ ဖြစ်ပါသည်။ Pro Slate 12 တွင် ၁၂.၃ လက်မအရွယ် 1600×1200 Pixels Display တပ်ဆင်ထားပါသည်။

တက်ဘလက်နှစ်မျိုးစလုံးတွင် Android KitKat နှင့် Snapdragon 800 Chipset မောင်းနှင်မည် ဖြစ်သည်။ Android 5.0 Lollipop ကို အဆင့်မြှင့်ပေးမည်ဟု HP က ပြောပါသည်။ 2GB RAM ပါရှိပြီး ဘက်ထရီသက်တမ်းမှာ ၁၂ နာရီ အသုံးခံပါသည်။ Duet Pen ဟု အမည်ပေးထားသော ကညစ်တံ ပါရှိပါသည်။ ကညစ်တံဖြင့် မည်သည့် မျက်နှာပြင်တွင်မဆို စာရေးသား၊ ပုံရေးဆွဲနိုင်ပြီး ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ရေးသားထားသော စာများ၊ ပုံများကို တက်ဘလက်ထံသို့ ပေးပို့ပေးမည် ဖြစ်သည်။ Pro Slate 8 နှင့် Pro Slate 12 တက်ဘလက်နှစ်လုံးကို ဒေါ်လာ ၄၄၉ နှင့် ဒေါ်လာ ၅၆၉ အသီးသီးဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Pro Slate 10 EE တွင်လည်း ကညစ်တံ ထည့်သွင်းပေးထားပြီး Intel Atom 1.33GHz Processor, 1GB RAM ထည့်သွင်းပေးထားပါသည်။ ၁၀.၁ လက်မ 1280×800 Pixel Display တပ်ဆင်ထားပါသည်။ Android 4.4 KitKat ထည့်သွင်းပေးထားသည့်အပြင် ၀င်းဒိုးဗားရှင်းလည်း ထုတ်လုပ်ပေးထားပါသည်။ တက်ဘလက်ကို ကီးဘုတ်နှင့် ချိတ်ဆက်နိုင်ပြီး Laptop အဖြစ် အသုံးပြုနိုင်ပါသည်။

3G ဆက်သွယ်မှုအတွက် SIM Slot ထည့်သွင်းပေးထားပါသည်။ ရေစိုခံပြီး ပညာသင်ကြားရေးအတွက် ဒီဇိုင်းထုတ်လုပ်ပေးထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com