2/19/2015

♪ စမတ်ဖုန်း တွဲဖက် ကိရိယာက HIV စစ်ဆေးပေးနိုင် ♫

1

Columbia University မှ ဇီဝဆေးပညာ အင်ဂျင်နီယာများက AIDS ကို ဖြစ်စေသော ဗိုင်းရက်စ်နှင့် ဆစ်ဖလစ်ကို ဖြစ်စေသော ဘက်တီးရီးယားများကို ရှာဖွေရန် လူ၏ သွေးကို စစ်ဆေးပေးနိုင်သော စမတ်ဖုန်း တွဲဖက် ကိရိယာတစ်မျိုးကို တီထွင်လိုက်ပါသည်။

အဆိုပါ ကိရိယာကို စမတ်ဖုန်းရှိ Headphone Jack နှင့် ချိတ်ဆက်နိုင်ပြီး ကိရိယာတွင် သီးခြားဘက်ထရီ မလိုအပ်ဟု သိရပါသည်။ စမတ်ဖုန်းတွင် ရလဒ်များကို ဖတ်ရှုနိုင်သည့် App တစ်ခုကို အသုံးပြုရမည် ဖြစ်သည်။

သုတေသန ပညာရှင်များသည် HIV စစ်ဆေးရန် အတွက် ဓါတ်ခွဲခန်း မရှိသည့် ဝေးလံခေါင်သီသည့် အရပ်ဒေသများအတွက် ရည်ရွယ်၍ အဆိုပါ ကိရိယာကို တီထွင်လိုက်ခြင်း ဖြစ်ပါသည်။ စမတ်ဖုန်း ထုတ်လုပ်သူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဈေးနှုန်းအလွန်သက်သာသော စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေသည့်အတွက်လည်း စမတ်ဖုန်း တွဲဖက် ကိရိယာသည် အသုံးဝင်လာမည်ဟု ပညာရှင် များက ပြောပါသည်။

အဆိုပါ ကိရိယာသည် ၃၄ ဒေါ်လာလောက်သာ တန်ကြေးရှိပြီး ထိုသို့ စမ်းသပ်မှုများ ပြုလုပ်ပေးနိုင်သည့် ဓါတ်ခွဲခန်းသုံး ကိရိယာသည် ဒေါ်လာ ၁၈ ၀၀၀ နှင့် အထက် တန်ကြေးရှိပါသည်။ ကိရိယာသည် iPod နှင့်လည်း တွဲဖက် အလုပ်လုပ်နိုင်ပါသည်။

ပညာရှင်များသည် ရ၀မ်ဒါရှိ လူပေါင်း ၉၆ ယောက်ကို စမ်းသပ်စစ်ဆေးပေးခဲ့ပါသည်။ စမ်းသပ်မှု ရလဒ်များ သည် ၉၂ မှ ၁၀၀ ရာခိုင်နှုန်း အထိ မှန်ကန်မှုရှိပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com