2/07/2015

♪ Galaxy S6 နဲ့ Galaxy Edge တို့၏ လျှို့ဝှက်ဓာတ်ပုံများ အင်တာနက်ပေါ် ပြန့်နှံ့ရောက်ရှိလာ ♫


ယခုရက်ပိုင်းအတွင်း အင်တာနက်ပေါ် ပြန့်နှံ့ရောက်ရှိလာတဲ့ မျိုးဆက်သစ် Samsung Galaxy S6 နှင့် Galaxy Edge လျှို့ဝှက်ဓာတ်ပုံများအား မျှဝေလိုက်ပါတယ်။ 

Phone Arena နဲ့ CNET Korea တို့က ရယူနိုင်ခဲ့တဲ့ ဒီဓာတ်ပုံများအရ Galaxy S6 ဟာ အမှတ်မထင် ကြည့်မယ်ဆိုရင် လက်ရှိ Galaxy S5 နဲ့ ပုံစံဒီဇိုင်းပိုင်းမှာ အတော်လေးကို ဆင်တူနေတာကို တွေ့ရ မှာဖြစ်ပါတယ်။

ပြန့်နှံ့နေတဲ့ ကောလဟာလများအရ Galaxy S6 ဟာ မှန်အပြည့်ဖုံး မျက်နှာပြင်နဲ့ အလူမီနီယံကိုယ်ထည်တို့ ပါရှိမှာဖြစ်ပြီး quadHD ပုံထွက်နှုန်း ရရှိမှာပြီး အတွင်းပိုင်းမှာတော့ 64-bit Octacore ပရော်ဆက်ဆာ၊ 4GB RAM၊ 20MP ကင်မရာနဲ့ 128GB သိုမှီးမှုပမာဏတို့ ထည့်သွင်းပေးထားမယ်လို့ သိရှိရပါတယ်။ Apple Pay ကဲ့သို့သော Samsung Pay ငွေပေးချေမှုစနစ်နဲ့ Android Lollipop OS တို့ ထည့်သွင်းပေး ထားမယ်လို့ သိရပါတယ်။

ဒ့ါအပြင် ဒုတိယပုံမှာ မြင်တွေ့ရတဲ့ Galaxy Edge ဟာ ဆိုရင်လည်း Galaxy S6 နဲ့ အတော်လေး ဆင်တူနေပြီး လက်ရှိ Galaxy Note Edge ကဲ့သို့ ကွေးညွှတ်နေတဲ့ ဘေးဘောင်ပါရှိ နေပါတယ်။ Samsung အနေနဲ့ လာမယ့် မတ်ခ်ျလ ၁ ရက်နေ့မှာ ပစ္စည်းသစ် မိတ်ဆက်ပွဲတစ်ခု ပြုလုပ်သွားဖို့ မီဒီယာများအား ဖိတ်ကြားထားပြီး Galaxy S6 အား ထုတ်ဖော်ပြသ သွားမယ်လို့ ယူဆရပါတယ်။

Credit to ==> The Choice

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com