2/15/2015

♪ ဖိုင်လည်းအဖျက်မခံရ၊ Download ပမာဏအတိုင်း ပိုက်ဆံပြန်ရ၊ အလကားလည်းတင်လို့ရတဲ့ File Hosting Site များ (၁) - Free Hosting and earn Money (1) ♫




UsersCloud



[unicode Font ]
အင်တာနက်ပေါ်က ဖိုင်တွေကို Download လုပ်ဖို့အတွက် ဖိုင်တွေကို Hosting ပေါ် တင်ရပါတယ်.. Blogger တွေကတော့ ကိုယ်ပိုင် ဖိုင်တင်တဲ့ Host မရှိတဲ့အတွက် Thirt Party Host ပေါ် တင်ပြီး Download Link တွေ ချပေးရပါတယ်.. မိတ်ဆွေတို့ သိမှာပါ.. Mediafire, Solidfiles, Zippyshare, UserCloud စသည်ဖြင့်ပေါ့လေ... အဲဒီဆိုဒ်တွေမှာ ဖိုင်တွေတင်ဖို့ အလကားရတာရှိသလို၊ ပိုက်ဆံပေးရတဲ့ စနစ်လည်းရှိပါတယ်.. အလကားတင်ရတာက အကန့်အသတ်တွေများတယ်.. ဖိုင်ဆိုဒ် ဘယ်လောက်ထက်ပိုမတင်ရ၊ ဖိုင်တစ်ခုကို ဘယ်လောက်ကြာကြာ Download မလုပ်ဘဲထားရင်ဖျက်ပစ်မယ်၊ Crack,Patch, Keygen တွေမတင်ရ. .

ခု ကျွန်တော် ပြောပြမှာက အကန့်အသတ်တွေမရှိ၊ ပိုက်ဆံပေးစရာမလိုတဲ့အပြင် ကိုယ်ကတောင် ပိုက်ဆံပြန်ရတဲ့ File Hosting ဆိုဒ်တွေပါ.. ခု ကျွန်တော် တင်နေတဲ့ဆိုဒ်အချို့ကို ပြောပြပေးသွားပါမယ်..

UsersCloud
UserCloud ဟာ ကျွန်တော် တွေ့ဖူးသမျထဲမှာ အကောင်းဆုံး Hosting Site တစ်ခုလို့ဆိုရင် မမှားပါဘူး..  ရတဲ့ငွေကို Paypal ကနေတစ်ဆင့်ထုတ်ယူနိုင်ပြီး အနည်းဆုံး 5 ဒေါ်လာက စပြီးထုတ်ယူလို့ရပါတယ်.. အောက်မှာ Feature တွေ ဖတ်ကြည့်ပါ..
UserCloud is the best site which I ever saw and gives maximum revenue; as using it you can earn even 10 USD in a day and good thing is that it’s minumum withdraw is 5 USD; also other features of that site are :
  •     Unlimited Storage ( ဖိုင်ပမာဏ အကန့်အသတ်မရှိ သိမ်းဆည်းနိုင်ပါတယ်.. )
  •     Unlimited Downloads ( Download ပမာဏ အကန့်အသတ်မရှိပါ... )
  •     Unlimited Upload ( ဖိုင်တွေကို အကန့်အသတ်မရှိ တင်နိုင်တယ်. )
  •     Unlimited file size ( ဖိုင်ဆိုဒ်တွေကို ကန့်သတ်ထားတာ မရှိဘူး. )
  •     Files Never Deleted ( တင်ထားတဲ့ဖိုင်တွေကို ဘယ်တော့မှ မဖျက်ဘူး. )
  •     Remote URL upload ( Online အချင်းချင်း Remote Url နဲ့ တင်နိုင်တယ်.. ဖိုင်ကို ဒေါင်းပြီးမှ ပြန်တင်စရာမလို )
  •     Download-Accelerators support ( မြန်နှုန်းမြင့် Download Speed စနစ်ပါတယ်.. )
  •     Downloads resume ( တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားခဲ့ရင် ရပ်တဲ့နေရာက ပြန်ဒေါင်းနိုင်တဲ့ Resume စနစ် ပါဝင်တယ်. )
  •     Unlimited Download Speed ( ပိုက်ဆံပေးမှ Download Speed ကိုတိုးပေးတာမဟုတ်ဘူး.. အလကားဒေါင်းလည်း Download Speed ကန့်သတ်မထားပါဘူး. )
  •     No downloads delay ( ချက်ချင်းဒေါင်းနိုင်တဲ့စနစ် )
  •     No downloads captcha ( ဒေါင်းခါနီး Charactor တွေဖြည့်ရ၊ ဖြည်ရတဲ့စနစ်မပါဘူး.. ချက်ချင်းဒေါင်း )
  •     FTP ( File Transfer Protocol လို့ခေါ်တဲ့ စနစ်နဲ့ ဖိုင်တွေတင်နိုင်လို့ မြန်မြန်ဆန်ဆန် ဖိုင်တွေ Upload လုပ်နိုင်ပါတယ်.. )
  •     No Advertisements ( ကြော်ငြာ လုံးဝမရှိဘူး. )
အထက်မှာဖေါ်ပြခဲ့ အချက်အလက်တွေဟာ အခကြေးငွေပေးပြီးတင်ရတဲ့ဆိုဒ်တွေမှာသာ ရနိုင်တဲ့ Feature တွေပါ.. ဒါပေမယ့် UsersCloud မှာတော့ အားလုံးကို အခမဲ့ပေးထားတယ်... အကောင့်ဖွင့်ရတာလည်းလွယ်ပါတယ်.. အောက်ကလင့်ကိုနှိပ်ပြီး Free Account ဖွင့်လိုက်ပါ.. ဖိုင်တွေတင်ပါ.. ဖိုင်တွေ ဒေါင်းသလောက် ငွေတွေ ပြန်ရမှာပါ..

အပိုင်း (၂) ဆက်လက်ဖေါ်ပြပါမည်...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com