2/10/2015

♪ ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်းဖြစ်လာတဲ့ Coolpad ivvi K1 Mini ♫


Coolpad Ivvi K1 Mini ဟာ အခုဆိုရင် တရားဝင်ဖြစ်သွားပြီဖြစ်ပြီး ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း အသစ် ဖြစ်ပါတယ်။ ဇန်န၀ါရီလတုန်းကလည်း Coolpad Ivvi K1 Mini ဟာ ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း ဘွဲ့ကို Vivo X5 Max ဆီကနေ လွှဲယူတော့မယ်ဆိုတဲ့ စာမြည်းကို ဖတ်ခဲ့ရပါသေးတယ်။

အခုတော့ ပြောခဲ့တဲ့အတိုင်း ဖြစ်လာပါပြီ။ Ivvi K1 Mini ဟာ ၄.၇ မီလီမီတာပဲ အထူရှိပြီး X5 Max ထက် ၀.၅ မီလီမီတာ ပိုမိုပါးလွှာပြီး အခုဆိုရင် တတိယမြောက် ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်း ဖြစ်သွားပြီဖြစ်တဲ့ Oppo R5 ထက် ၁.၅ မီလီမီတာ ပိုမိုပါးလွှာပါတယ်။ 

Ivvi K1 Mini ဟာ High-end စမတ်ဖုန်း တစ်လုံးတော့ မဟုတ်ပါဘူး။ Specs တွေက အလယ် အလတ်တန်း ဖြစ်ပြီး နောက်ကျောဘက်မှာတော့ လက်ဗွေရာမထင်တဲ့ Baby Skin လို့အမည်ပေးထားတဲ့ ကိုယ်ထည်မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ 


ကြည်လင်ပြတ်သားမှုကိုတော့ မသိရှိရသေးပဲ Touchscreen အရွယ်အစားက ၄.၇ လက်မ ရှိပြီး နောက်ကျောဘက်အဓိက ကင်မရာက 8MP ရှိပြီး အရှေ့ဘက်ကင်မရာက 5MP ရှိမယ်လို့ဆိုပါတယ်။ ဘတ္ထရီကတော့ 1800 mAh ပမာဏရှိပါမယ်။ Qualcomm Snapdragon 410 64-bit Soc (1.2GHz Quad-core CPU ဖြစ်နိုင်ဖွယ်ရှိ) ကို 1GB RAM နဲ့ အထောက်အပံ့ပေးထားပြီး အချက်အလက် သိမ်းဆည်းနိုင်စွမ်း 8GB နဲ့ 4G LTE ကို အထောက်အပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။


အဖြူရောင် Coolpad Ivvi K1 ကို တရုတ်ပြည်မှာ ၂၀၇ ဒေါ်လာနီးပါးနဲ့ အခုဝယ်ယူရရှိနိုင်ပြီး အခြားဈေးကွက်တွေမှာတော့ ဘယ်အချိန်ဝယ်ယူရရှိနိုင်မလဲဆိုတာ မသိရသေးပါဘူး။


TechSpace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com