2/05/2015

♪ စမတ်ဖုန်းတွေရဲ့ အားသွင်းချိန်ကို ထက်ဝက်လျော့ချပေးမယ့် ChargeTech ♫


ChargeAll က ဖန်တီးထုတ်လုပ်လိုက်တဲ့ ChargeTech ဟာ သင့်ရဲ့နည်းပညာအသုံးအဆောင်တွေကို နဂိုမူလ၀ယ်ယူကတည်းက စက်ပစ္စည်းနဲ့ အတူတကွပါဝင်လာတဲ့ အားသွင်းစက်တွေထက် သိသိသာသာ ပိုမိုမြန်ဆန်စေမယ့် Adapter (အားသွင်းစက်) ပဲ ဖြစ်ပါတယ်။ ChargeTech ဟာ အရွယ်အစား သေး ငယ်ပြီးတစ်ပြိုင်နက်တည်း စက်ပစ္စည်းနှစ်ခုကို အားသွင်းလို့ရပြီး Car Charger အဖြစ်လည်း ၀ယ်ယူရရှိနိုင် ပါတယ်။ ChargeAll ကုမ္ပဏီဟာ အပေါ့ပါးဆုံးနဲ့ အပါးလွှာဆုံး iPhone 6 Batter Case ကို ဖန်တီးဖို့ အတွက်လည်း ရန်ပုံငွေရှာနေတယ်လို့ သိရပါတယ်။

ChargeTech ဟာ iPhone 6/6+ ကို သာမန်အားသွင်းချိန်ရဲ့ တစ်ဝက်အတွင်းမှာ အားသွင်းပေးနိုင် တယ်လို့ ဆိုပါတယ်။ ChargeTech ဟာ 2.4 amps/12.5 watts ရှိပြီး 1.0amps/5 watts ရှိတဲ့ Apple ကုမ္ပဏီရဲ့ Charger ထက် ၀ပ်အားရော အမ်ပီယာပါ ၂ ဆ ပိုများပြားတာတော့ အမှန်ပါပဲ။ USB Port နှစ်ခု ပါဝင်တာကြောင့် စက်ပစ္စည်းနှစ်ခုကို တစ်ပြိုင်နက်တည်း အားသွင်းပေးနိုင်ပြီး နောက်ခြေနား မှာ လျှောစောက်ပုံစံ ကွေးညွှတ်ထားတဲ့ ဒီဇိုင်းကြောင့် ပလပ်ခေါင်းတွေ ပြည့်ကြပ်နေအောင် ထိုးထားတဲ့ မီးဘုတ်တစ်ခုမှာတောင် အလွယ်တကူ ၀င်ဆံ့နိုင်ပါတယ်။


၃.၆ စင်တီမီတာ အရှည်ရှိပြီး စက်ပစ္စည်းနဲ့အတူ ၀ယ်ယူကတည်းက တစ်ခါတည်း ပါဝင်လာတဲ့ အားသွင်းစက်တွေထက် ပိုသေးငယ်ပြီး စက်ပစ္စည်းတစ်ခုကို အားသွင်းနေတုန်းမှာ မှိတ်တုတ်မှိတ်တုတ် လင်းနေမယ့် LED အချက်ပြမီးပါဝင်ပါတယ်။ ChargeAll ကုမ္ပဏီအနေနဲ့ သူ့ရဲ့ထုတ်ကုန်တွေကို Apple ထုတ်ကုန်တွေနဲ့ နှိုင်းယှဉ်ဖော်ပြပေမယ့် Android စမတ်ဖုန်း၊ tablet တွေအပြင် Smartwatches, Bluettoh Speakers နဲ့ အားသွင်းဖို့အတွက် USB ကြိုးကို အသုံးပြုတဲ့ ဘယ်လိုစက်ပစ္စည်းတွေအတွက်မဆို အားသွင်းလို့ရပါတယ်။


သာမန် အရွယ်အစားထက် ပိုသေးငယ်ပြီး USP Port နှစ်ခုလုံးပါဝင်တဲ့ Car Charger ဗားရှင်းကိုလည်း ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ChargeTech အားသွင်းစက်ကို Indiegogo မှာ ၁၉ ဒေါ်လာနဲ့ ၀ယ်ယူရရှိနိုင်ပြီး အဖြူနဲ့ အမည်း ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ ChargeAll ကုမ္ပဏီဟာ စံနှုန်းထုတ်ကုန်ဖြစ်တဲ့ ChargeTech အပြင် အပေါ့ပါးဆုံး အပါးလွှာဆုံးလို့ ပြောဆိုထားတဲ့ iPhone 6 အတွက် Battery Case ကို ထုတ်လုပ်ဖို့အတွက်လည်း ရန်ပုံငွေ ရှာနေပါတယ်။



ဖဲသားလိုနူးညံ့နေတဲ့ အပေါ်ယံလွှာနဲ့ ဖုံးအပ်ထားပြီး LED အချက်ပြမီးထည့်သွင်းပေးထားတာကြောင့် ဖုန်းနဲ့ချိတ်ဆက်အလုပ်လုပ်နေတယ် ဆိုတာကို သိရှိနိုင်တဲ့ ThinCharge အမည်ရ အဲ့ဒီ Battery Case က iPhone 6 ရဲ့ ဘတ္ထရီသက်တမ်းကို ၂ ဆ ပိုမိုကြာရှည်ခံစေမယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ အလေးချိန် ၈၅ ဂရမ်ပဲရှိပြီး ဘေးဘောင်အမြင့် ၀.၅ လက္မရှိပါတယ်။ ပုံမှန်ထက်အနည်းငယ်ပိုထူ ထားတဲ့ ထောင့်စွန်းတွေနဲ့ ဖုန်းမျက်နှာပြင်ထက်ပိုမြင်တဲ့ ဘေးဘောင်တွေက ပြုတ်ကျတာနဲ့ စင်းရာခြစ် ရာတွေကို ကာကွယ်ပေးဖို့အတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။


သတ်မှတ်ထားတဲ့ရန်ပုံငွေပမာဏ ဒေါ်လာ ၅၀,၀၀၀ ကို ရောက်ရှိခဲ့ပြီဖြစ်တဲ့အတွက် ThinCharge ရဲ့ နောက်ဆုံးလက်လီရောင်းဈေးဟာ ၁၁၉ ဒေါ်လာ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။


TechSpace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com