2/06/2015

♪ Amosu ရဲ့ပန်းရောင် Limited Edition iPhone 6 ♫


Amosu ဟာသူတို့ရဲ့လှပပြီး ဈေးကြီးတဲ့ထုတ်ကုန်တွေကြောင့် လူသိများပြီး စမတ်ဖုန်းတွေကိုအလှ ဆင်ပြီး ရောင်းချလေ့ ရှိပါတယ်။ အခုအခါမှာလဲ လာမယ့်ဗယ်လင်တိုင်းဒေးအတွက် အကြိုအနေနဲ့ ကမ္ဘာ့ပထမဆုံး ပန်းရောင် iPhone 6 ကို ထုတ်လုပ် ရောင်းချဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ်။

သူ့ရဲ့ဒီဇိုင်းအရတော့ အိုင်ဖုန်းမျိုးဆက်သစ်ဟာ ပန်းရောင်သက်သက်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် အိုင်ဖုန်းနဲ့ ပန်းရောင် နှစ်သက်သူတွေအတွက်တော့ လိုချင်စရာပါပဲ။ ဒါ့အပြင် Amosu ဟာ ပန်းရောင်အိုင်ဖုန်းစုစုပေါင်း ဆယ်လုံးသာ ထုတ်လုပ် ရောင်းချမှာ ဖြစ်ပါတယ်။ တစ်လုံးချင်းစီဟာ စတာလင်ပေါင် 1899 ကျသင့်မှာဖြစ်လို့ မူရင်းတန်ဖိုးထက် အဆများစွာ ဈေးကြီးနေတာကို တွေ့ရမှာပါ။ 

အခြားရတနာစီချယ်ထားတဲ့ ဟန်းဆက်တွေလိုလဲ ကျောက်မျက်ရတနာတွေမပါဘဲ နောက်ဘက်မှာ Alexander Amosu ရဲ့ လိုဂိုနဲ့ ကမ္ဘာ့ပထမဆုံးပန်းရောင် iPhone 6 ဆိုတဲ့ စာသားကိုသာတွေ့ရမှာပါ။ ဒါပေမယ့်လဲ ဒီဈေးနှုန်းဟာ အခြား Amosu စမတ်ဖုန်း ထုတ်ကုန်တွေနဲ့ ယှဉ်ရင်တော့ ဈေးသက်သာသေး တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဘယ်ဖုန်းကာဗာမှ တကယ့်ပန်းရောင်အိုင်ဖုန်းလို ပန်းရောင်အစစ်နဲ့ မြင်တွေ့ရမှာမဟုတ်တဲ့ အတွက် ဈေးကြီးပေမယ့်လဲ ဝယ်သူတွေကတော့ ရှိဦးမှာပါပဲ။

Techspace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com