10/03/2017

♪ “အားသွင်းစဉ်မှာ screen ကျွံထွက်သွားတဲ့ iPhone 8 Plus” ♫

Image may contain: one or more people and phone

Ms. Wu အမည်ရ ထိုင်ဝမ်မှ အမျိုးသမီးတစ်ဦးဟာ iPhone 8 Plus ကိုအားသွင်းစဉ်မှာစကရင် ကျွံထွက်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံမှ မီဒီယာများကရေးသားထားကြပါတယ်။ သူမဟာ 64GB Rose Gold iPhone 8 Plus ကို ၀ယ်ယူထားတာ ၅ ရက်သာရှိပါသေး တယ်။ သူမဟာဖုန်းနဲ့ အတူပါလာတဲ့ အားသွင်းကြိုးကိုသာအသုံးပြုခဲ့ခြင်း ဖြစ်ပြီးအားစသွင်းတဲ့ အချိန်ကနေ ၃ မိနစ်လောက်မှာဖုန်းစကရင်ဟာ ကျွံထွက်လာတယ်လို့ ပြောပါတယ်။ဘက်ထရီ ပြဿနာကြောင့် ဒီလို ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

iPhone 8 Plus ပိုင်ရှင် ဂျပန် လူမျိုးတစ်ဦးကစကရင်ဟာကိုယ်ထည်ကနေ လုံးဝ ကျွတ်ထွက်သွားတယ်လို့ ပြောပါတယ်။အချို့ iPhone 8 Plus ပိုင်ရှင်များကလည်းဒီလို ပြဿနာမျိုး ဖြစ်နေတယ်လို့ သတင်းပို့ထားကြပါ တယ်။ အခုတော့ Ms. Wu ရဲ့ ဖုန်းကိုစစ်ဆေးဖို့အတွက် Apple ထံပေးပို့ လိုက်ကြပြီလို့ သတင်းများကဖော်ပြထားကြပါတယ်

သတင်းအချို့ကလည်း Galaxy Note 7 ရဲ့ ဘက်ထရီကိုထုတ်လုပ်တဲ့ Amperex Technology Limited မှ ဘက်ထရီများကို iPhone 8 Plus မှာထည့်သွင်းထားတယ်လို့ ပြောကြပါတယ်။ iPhone 7 မှာတုန်းကလည်း ဘက်ထရီ ပြဿနာ ဖြစ်တဲ့ အလုံးရေအနည်းငယ်ရှိခဲ့ပေမယ့် သန်းပေါင်း များစွာသောအလုံးများဟာ ပြဿနာမဖြစ်ခဲ့ပါဘူး။ iPhone 8 Plus ဟာလည်းထိုနည်းလည်းကောင်း ဖြစ်မယ်လို့ ထင်ရပါတယ်။ Apple ကတော့ ယခုဖြစ်ရပ်ကိုမှတ်ချက်ပေးခြင်းမရှိသေးပါဘူး။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com