10/02/2017

♪ " ခေါက်ချိုးနိုင်တဲ့ Samsung Galaxy X စမတ်ဖုန်း မကြာမီလာမည် " ♫

Image may contain: one or more people and text

Samsung က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို တီထွင်နေတယ်ဆိုတဲ့သတင်း ထွက်ပေါ်နေတာ နှစ်အနည်းငယ်ကြာမြင့်ပြီ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းရဲ့ မော်ဒယ်အမည်ဟာ SM-G888 ဖြစ်ပြီး Galaxy X အမည်ဖြင့် ရောင်းချမှာဖြစ်ပါတယ်။ အခုတော့ Samsung က အဲဒီစမတ်ဖုန်းကို Korean National Radio Re­search Agency (NRRA) မှာ မှတ်ပုံတင်လိုက်တယ်လို့ LetsGoDigital က ပြောပါတယ်။

အဲဒီအတွက် Samsung က Galaxy X စမတ်ဖုန်းကို ယခုနှစ် နှောင်းပိုင်း သို့မဟုတ် လာမယ့်နှစ် အစောပိုင်းမှာ မိတ်ဆက်နိုင်ပြီး လာမယ့်နှစ်လယ်လောက်မှာ ရောင်းချပေးမယ်လို့ မျှော်လင့်ရပါတယ်။ ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ Samsung Galaxy X ဟာ စာအုပ်တစ်အုပ်လို ခေါက်ချိုးအသုံးပြုနိုင်မယ့် ဒီဇိုင်းဖြစ်တယ်လို့ သိရပါတယ်။ Galaxy X မှာ Samsung ကိုယ်တိုင် Fin FET 10nm Architecture ကို အခြေခံထုတ်လုပ်ထားတဲ့ Exynos 9810 Processor ထည့်သွင်းထားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ 


Galaxy X ရဲ့ အခြား Specifications များကိုတော့ မသိရသေးပါဘူး။ Samsung က ကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို Project Valley စီမံကိန်းကနေ ဖန်တီးနေခြင်းဖြစ်ပါတယ်။ Samsung က Galaxy X ကို ရောင်းချပြီးနောက်မှာ စားသုံးသူများရဲ့ တုန့်ပြန်မှုများကို လေ့လာမှာဖြစ်ပြီး စားသုံးသူများနှစ်သက်ရင်တော့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းများကို ဆက်လက်ထုတ်လုပ်ရောင်းချမယ်လို့ ပြောကြားထားပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








www.pyaephyo.com