10/03/2017

♪ " Huawei Y7 Prime ၏ ထူးခြားချက် (5) ချက်နှင့် Huawei Y5 2017 ၏ ထူးခြားချက် (5) ချက် " ♫

Image may contain: phone

Huawei ရဲ့ Y Series Smartphone တွေက ဈေးနှုန်းလည်းသင့်တင့်မှုရှိသလို အရည်အသွေးပိုင်းမှာလည်း ကောင်းမွန်မှုရှိတဲ့ Smartphone အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံများဖြင့် ဖန်တီးပေးထားတာကို တွေ့မြင်ရမှာဖြစ်ပြီး လူအများစုတတ်နိုင်တဲ့ နှုန်းထားဖြင့် ထုတ်လုပ်ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ဒီ Huawei Y7 Prime နဲ့ Huawei Y5 2017 Smartphone တို့မှာ ကိုယ်စီရှိကြတဲ့ ထူးခြားချက် (5) ချက်ကို NetGuide Journal အားပေးသူတွေ သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Huawei Y7 Prime ၏ ထူးခြားချက် (5) ချက်

>>>>>>>>

အရည်အသွေးမြင့် Access Point :
ပိုမိုမြန်ဆန်လုံခြုံတိကျတဲ့ Fingerprint Scanner က အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် 4000 mAh ရှိတဲ့ ဘက်ထရီကို အသုံးပြုပေးထားတာကြောင့် သုံးစွဲသူတွေဟာ ဂိမ်းကစားခြင်း၊ သီချင်းနားထောင်ခြင်း၊ ဖုန်းခေါ်ဆိုဆက်သွယ်ခြင်း၊ အင်တာနက်အသုံးပြုခြင်းတွေကို အချိန်ကြာကြာ လုပ်ဆောင်လို့ရမှာဖြစ်ပြီး Smart Power-Saving နည်းပညာလည်း ပါရှိတဲ့အတွက် အသုံးပြုသူတွေကို အလွန်အဆင်ပြေစေမှာပါ။

ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်း : ဒီဇိုင်းပိုင်းကို လှပမှုရှိအောင် ဖန်တီးပေးထားသလို ကိုယ်ထည်ကိုတော့ သတ္တုဖြင့် ပြုလုပ်ပေးထားပါတယ်။ မျက်နှာပြင်အရွယ်အစား (5.5) လက်မရှိပြီး HD Display ကို အသုံးပြုပေးထားတဲ့အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ကြည့်ရှုခံစားတဲ့အခါ ကြည်လင်ပြတ်သားကောင်းမွန်မှုရှိနေတာကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံကောင်းများရရှိစေမှု : ဒီဖုန်းမှာပါရှိတဲ့ ကင်မရာများဖြင့် ဓာတ်ပုံကောင်းများစွာကို စိတ်ကြိုက်ရိုက်ကူးပုံဖော်နိုင်မှာဖြစ်ပြီး မိမိဖမ်းယူလိုတဲ့ အရာတွေကို (0.3) စက္ကန့်အတွင်း အလွယ်တကူ ရရှိစေမှာပါ။ ဒါ့အပြင် Phase Detection Auto Focus စနစ်လည်း ပါရှိပါတယ်။ အလင်းအားနည်းတဲ့ အခြေအနေတွေမှာ ဓာတ်ပုံကောင်းတွေရရှိအောင် စွမ်းဆောင်နိုင်မှာဖြစ်သလို ရွှေ့လျားမှုမြန်ဆန်တဲ့ ပုံရိပ်တွေကိုလည်း လွယ်ကူစွာ ဖမ်းယူနိုင်ပါလိမ့်မယ်။

ပိုမိုမြန်ဆန်စေမယ့် စွမ်းဆောင်ရည် : ဒီဖုန်းမှာ Octa-Core Processor ကို အသုံးပြုပေးထားပြီး RAM 3GB နဲ့ ROM 32GB ကိုပါ ထည့်သွင်းပေးထားတာကြောင့် ဖုန်းတွင်းလုပ်ဆောင်နိုင်စွမ်းတွေကို အဆင်ပြေစေမှာပါ။ အဆိုးဆုံး File Hoarder မှအစ အရာရာတိုင်းကို ထိရောက်အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်စေပါလိမ့်မယ်။ ဒါ့အပြင် Memory ကိုလည်း 128GB အထိ တိုးမြှင့်အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

အဆင့်မြင့် Intelligence : Huawei ရဲ့ ကိုယ်ပိုင် Emotion User Interface (EMUI) ကို Huawei Y7 Prime မှာ အဆင့်မြှင့်တင်ပေးထားပါတယ်။ EMUI 5.1 က ရိုးရှင်းလွယ်ကူသော User Interface ကို ထောက်ပံ့ပေးမှာဖြစ်ကာ အသုံးပြုလေ့ရှိတဲ့ လုပ်ဆောင်ချက်များရဲ့ (90) ရာခိုင်နှုန်းကို အဆင့် (3) ဆင့်နဲ့ ပြီးစီးစေနိုင်မှာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ မြောက်များစွာသော Notifications တွေကိုလည်း မပြနိုင်အောင် ပိတ်ထားလို့ရမှာပါ။

Huawei Y5 2017 ၏ ထူးခြားချက် (5) ချက်

>>>>>>>>

အဆင်ပြေကောင်းမွန်လှသောအရွယ်အစား : ဒီဖုန်းရဲ့အရွယ်အစားပိုင်းကို သုံးစွဲသူတွေလက်ထဲမှာ ကျစ်ကျစ်လစ်လစ်အသုံးပြုနိုင်စေအောင် အထူးလေ့လာပြုလုပ်ချက်ပေါင်းများစွာဖြင့် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဘေးဘောင်တွေကို ပါးလွှာမှုရှိအောင် ဖန်တီးလုပ်ဆောင်ပေးထားတာကိုလည်း တွေ့မြင်ရ မှာဖြစ်ပါတယ်။

အချိန်ကြာကြာအသုံးခံနိုင်စေမှု : ဒီဖုန်းမှာ 3000 mAh ဘက်ထရီကို အသုံးပြုပေးထားတဲ့အတွက် ပုံမှန် အသုံးပြုမယ်ဆိုရင် (38) နာရီ၊ ဂိမ်းကစားမယ်ဆိုရင် (6) နာရီ၊ ဗီဒီယိုကြည့်မယ်ဆိုရင် (11) နာရီနဲ့ တေးသီချင်းနားဆင်ခြင်းအတွက် (53) နာရီအထိ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်။ ဒီဖုန်းရဲ့ ဘက်ထရီပိုင်းနဲ့ ပတ်သက်ပြီးလည်း စမ်းသပ်စစ်ဆေးမှုပေါင်းများစွာကို လုပ်ဆောင်ပေးခဲ့ပါတယ်။

Selfie ချစ်သူတွေကို အကြိုက်တွေ့စေမှု : Y5 2017 Smartphone ကို Selfie ပိုင်းဦးစားပေးထားတဲ့ Smartphone တစ်လုံးလို့ ဆိုနိုင်ပါတယ်။ Dual Flash နဲ့အတူ Beautiful Skin 3.0 နည်းပညာပါရှိသော အဆင့်မြင့်ကင်မရာဖြင့် ကောင်းမွန်သော Selfie ပုံရိပ်ပေါင်းများစွာကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုရလွယ်ကူအဆင်ပြေစေခြင်း : လုပ်ဆောင်မှု (3) ခုအတွက် Shortcut တစ်ခုတည်းဖြင့် အသုံးပြု လုပ်ဆောင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ဥပမာ - Double Tap လုပ်ရင် ကင်မရာလုပ်ဆောင်ချက်စီ လျင်မြန်စွာရောက်ရှိသွားခြင်း၊ Key တစ်ခုတည်းကို အချိန်ကြာကြာဖိထားရင် Flash Light ပွင့်လာခြင်း၊ ဓာတ်ပုံရိုက်ကူးနေစဉ် Screen ပိတ်ခဲ့ရင် Screen ကို တို့ထိလိုက်ရုံဖြင့် မူလအနေအထားပြန်ရောက်သွားခြင်း စတဲ့လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

အနုစိတ်လက်ရာ : ဖုန်းရဲ့ကိုယ်ထည်ပိုင်းကို ချောမွတ်တောက်ပြောင်တဲ့ ပုံစံဖြစ်အောင် လုပ်ဆောင်ပေးထား တာကို တွေ့မြင်ရပါလိမ့်မယ်။ နောက်ကျောဘက်မှာ အစင်းပုံစံလုပ်ဆောင်ပေးထားတာကလည်း အမြင်ကို တစ်မျိုးလေး ဆန်းသစ်နေစေပါတယ်။

Huawei Y7 Prime ရဲ့ ဈေးနှုန်းက ငွေကျပ် (279,000) ဖြစ်ပြီး ရွှေရောင်၊ မီးခိုးရောင်နှင့် အနက်ရောင်တို့ဖြင့် ထုတ်လုပ်ပေးထားပါတယ်။ Huawei Y5 2017 (4G) ဈေးနှုန်းက ငွေကျပ် (179,000) ဖြစ်ကာ ရွှေရောင်၊ အဖြူရောင်နဲ့ မီးခိုးရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Huawei Y5 2017 (3G) ကိုတော့ ငွေကျပ် (149,000) ဖြင့် ရောင်းချပေးလျက်ရှိကာ ရွှေရောင်နဲ့ မီးခိုးရောင် စတဲ့ အရောင်များဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။





NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








www.pyaephyo.com