10/09/2017

♪ Huawei Mate 10 မှာ Galaxy Note 8 , iPhone X တို့ထက် ကြီးမားတဲ့ 4000mAh Battery ပါမည် ♫


Huawei ကသူ့ရဲ့ တွစ်တာအကောင့်ပေါ်မှာ Mate 10 နဲ့ပတ်သတ်တဲ့ ကြော်ငြာဗီဒီယိုတစ်ခုတင်ပေးလိုက်ပါတယ်။ ဒီတစ်ကြိမ်တင်လိုက်တဲ့ ဗီဒီယိုဖိုင်မှာတော့ Mate 10မှာ အသုံးပြုမယ့် ဘက်ထရီစွမ်းအားကြော်ငြာ ဖိုင်ဖြစ်နေပြီး စမတ်ဖုန်းအသစ်မှာ စွမ်းဆောင်ရည်မြင့်တဲ့ 4,000mAh ဘက်ထရီထည့်သွင်းလာပါလိမ့်မယ်။ 

ဘက်ထရီပိုင်းဆိုင်ရာနဲ့ပတ်သတ်လို့ huawei အခြားယှဉ်ပြိုင်ဘက်တွေကို ကြည့်လိုက်တဲ့အခါမှာတော့ Galaxy Note 8 ရဲ့ဘက်ထရီက 3,300mAh၊ iPhone X မှာတော့ 2,716mAh သာရှိတာကြောင့် ၂ ဆနီးပါးပိုတယ်လို့ဆိုနိုင်ပါတယ်။ LG ရဲ့ V30 မှာတော့ နောက်တဖန် 3,300mAh ကိုသာသုံးပြီး၊ pixel 2 XL မှာတော့နည်းနည်းပိုကောင်းတဲ့ 3,520mAh နဲ့ဖြစ်ကာ Xperia XZ ပရီမီယံ မှာတော့ 3,230mAh ၊ Mi Mix 2 မှာဆိုရင်လည်း 3,400mAh ရှိတဲ့ဘက်ထရီလောက်ပဲတပ်ဆင်ထားပါတယ်။ လက်ရှိအချိန်မှာထွက်ထားတဲ့ စမတ်ဖုန်းအနည်းငယ်မှာသာ 3500mAh စွမ်းအားဘက်ထရီအထက်နဲ့ဖြစ်ပြီး ဒါဟာလည်း တစ်လုံးတလေမှာသာ မြင်ရပါသေးတယ်။ 

ဒါကြောင့် Huawei ရဲ့ ကြီးမားတဲ့ဘက်ထရီနှင့် 10nm chipset တို့နဲ့တွဲဖက်ထွက်လာမယ့် Mate 10ဟာစွမ်းရည်ပြည့်တဲ့အပြင် ဘက်ထရီသက်တမ်းလည်း တာရှည်ခံမှာ ဖြစ်ပါတယ်။ Huawei ရဲ့တွစ်ရေးသားထားချက်ကို ကြည့်လိုက်မယ်ဆိုရင် သင့်အနေနဲ့ တစ်ကြိမ်အားသွင်းလိုက်ရုံနဲ့ တနေ့တာလုံးအသုံးပြုနိုင်မယ့် ဖုန်းရှာနေမယ်ဆိုရင်တော့ အောက်တိုဘာ 16ရက်နေ့မှာ ထွက်လာမယ့် Mate 10ကိုစောင့်မျှော်လိုက်ပါလို့ ဆိုပါတယ်။ 

ဒါ့အပြင့် Huawei အနေနဲ့ “smart home ပစ္စည်းတွေကိုစီမံခန့်ခွဲမှုအတွက် Software များနှင့်မိုဘိုင်း application များ” ကုန်အမှတ်တံဆိပ်လျှောက်လွှာ တစ်ခုကိုလည်းတင်ထားပါသေးတယ်။ ထင်မြင်ယူဆချက်တွေအရတော့ ၎င်း၏ဒစ်ဂျစ်တယ်လက်ထောက်အသစ်က U ဖြစ်နိုင်ကြောင်း ထင်ကြေးရှိနေပါတယ်။ Mate 10 ရဲ့ဈေးနှုန်းကတော့ ယူရို ၉၀၀ ဝန်းကျင်ရှိလာနိုင်ပါတယ်။



Credit to ==> DigitalTimes.com.mm




www.pyaephyo.com