ZTE က Blade Z Max အမည်ရ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။
သူဟာ Blade X Max ရဲ့ မျိုးဆက် စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့မှာ ၆ လက်မ Full HD
Display နဲ့ အနောက်ကင်မရာ နှစ်လုံး တပ်ဆင်ထားပါတယ်။
ZTE Blade Z Max မှာ Qualcomm Snapdragon 435 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 2GB RAM, 32GB Internal Storage ထည့်သွင်းထားပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card ကို အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ 2 Megapixel Camera များ တပ်ဆင်ထားပါတယ်။ ကင်မရာ နှစ်လုံးကနေ Bokeh Effect များ ဖန်တီးနိုင်ပြီး Time-Lapse, Panorama Mode, Manual Mode များလည်း ပါရှိပါတယ်။ အရှေ့ဘက်မှာ Beauty Mode ပါတဲ့ 8 Megapixel Camera ပါပါတယ်။
ZTE Blade Z Max ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ 4080mAh Battery တပ်ဆင်ထားပြီး USB-C Connector ကနေ အားသွင်းနိုင်ပါတယ်။ ၁၂၉ ဒေါ်လာ သတ်မှတ်ထားပြီး သြဂုတ်လ ၂၆ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ မြန်မာငွေ အားဖြင့် ၁၇၅ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။