8/18/2017

♪ ဟက်ကာများက အနာဂတ်မှာ လူသားများရဲ့ DNA တွင် Malware များ ထည့်သွင်းနိုင်မည် ♫


ဝါရှင်တန် တက္ကသိုလ်မှ သုတေသနပညာရှင်များက လူသားများရဲ့ DNA မှာ Malicious Software များ ထည့်သွင်းခြင်းဖြင့် ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ DNA ဟာ သတင်းအချက်အလက်များ သိမ်းဆည်းနိုင်တဲ့ အခြေခံကျတဲ့ ပုံသဏ္ဍာန် ဖြစ်ပါတယ်။ အဲဒီ သတင်းအချက်အလက်များကို ကွန်ပြူတာများက ခွဲခြမ်းစိတ်ဖြာနိုင်တယ်ဆိုတာကို ပညာရှင်များက တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ပညာရှင်များက DNA မှာ Malware များကို သိမ်းဆည်းခြင်းနဲ့ DNA ခွဲခြမ်းစိတ်ဖြာတဲ့ ဆော့ဖ်ဝဲရဲ့ အားနည်းချက်များကို ဖောက်ထွင်း၍ ကွန်ပြူတာကို ထိန်းချုပ်တဲ့ နည်းလမ်းများကို သူတို့ရဲ့ သုတေသန စာတမ်းမှာ အသေးစိတ်ရေးသားထားပါတယ်။

ဒီနည်းလမ်းဟာ စိုးရိမ်စရာကောင်းပေမယ့် လက်ရှိမှာတော့ ဖြစ်လာနိုင်ခြင်း မရှိသေးဘူးလို့ ပညာရှင်များက ပြောပါတယ်။ “ DNA Sequencing or DNA Data များကို ဖောက်ထွင်းတိုက်ခိုက်တဲ့ ဖြစ်ရပ်တော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒီလို ဖြစ်ရပ်မျိုး အနာဂတ်မှာ ဖြစ်လာနိုင်တယ်ဆိုတာကို သတိထားသင့်ပါတယ်။ “ လို့ ပညာရှင်များက သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

DNA Sequencing ဟာ အနာဂတ်မှာ ဈေးပေါလာပြီး လူသုံးများလာတဲ့ အချိန်မှာတော့ ဒီလို တိုက်ခိုက်မှုများဟာ စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ DNA Sequencing ဟာ မျိုးဆက်သစ် Sequencing နည်းပညာ (NGS) ကြောင့် ကုန်ကျစားရိတ် သက်သာလာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ DNA Sequencing ပြုလုပ်ဖို့ ဒေါ်လာ ၁၀၀ ၀၀၀ လိုအပ်ပြီး ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၁ ၀၀၀ သာ ကုန်ကျပါတော့တယ်။





Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com