Xiaomi Mi Mix ဟာမျက်နှာပြင်အပြည့် ဒီဇိုင်းကိုအသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်ပြီးယခင်နှစ်က မိတ်ဆက်ခဲ့ခြင်း
ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ မျိုးဆက်သစ် Mi Mix 2 ကိုမိတ်ဆက်မှာ
ဖြစ်ပြီးအဲဒီစမတ်ဖုန်းရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများအွန်လိုင်းမှာပေါက်ကြားထွက်ပေါ် လာပါတယ်။
ထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ Mi Mix 2 ရဲ့ ဒီဇိုင်းကိုအနည်းငယ် ပြောင်းလဲထားပါတယ်။ သူ့ရဲ့ အရှေ့ဘက်မှာ Earpiece တစ်ခု တပ်ဆင်ထားပြီးယခင် Mi Mix မှာတော့ အခြားနေရာမှာတပ်ဆင်ထားတာ ဖြစ်ပါတယ်။ ရှောင်မီက Mi Mix ရဲ့ အဓိက ပြဿနာတစ်ခုဖြစ်တဲ့ ဖုန်းပြောစဉ်မှာအသံအရည်အသွေးနိမ့်ကျခြင်းကိုဖြေရှင်းပေးဖို့ ဒီလိုတပ်ဆင်ထားတာ ဖြစ်နိုင်ပါတယ်။
Mi Mix 2 ရဲ့ ဒီဇိုင်းဟာ Essential Phone နဲ့ ဆင်တူပါတယ်။ မျက်နှာပြင် အပြည့် ဒီဇိုင်းဖြစ်တဲ့အတွက် Buttons များအစား On-Screen Buttons များကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ ပါဝါနဲ့ အသံခလုတ်မျးကိုဖုန်းရဲ့ ညာဘက်မှာတပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာကင်မရာ နှစ်လုံး ပါလာနိုင်ပါတယ်။ ဖုန်းရဲ့ SIM Tray ကိုဘယ်ဘက်မှာတပ်ဆင်ထားမှာ ဖြစ်ပါတယ်။
ဖုန်းရဲ့ အောက်ခြေမှာ Type-C USB Port နဲ့ စပီကာများပါပါတယ်။ Headphone Jack ကိုဖုန်းရဲ့ ထိပ်မှာနေရာချထားပါတယ်။ လက်ဗွေရာ အာရုံခံကိရိယာကို ပါဝါခလုတ်မှာ မြှုပ်နှံထားနိုင်ပါတယ်။ ယခုနှစ် ကုန်ပိုင်းမှာ Xiaomi Mi Mix 2 ကိုမိတ်ဆက်နိုင်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ Mi Mix 2 ရဲ့ ဒီဇိုင်းကိုအနည်းငယ် ပြောင်းလဲထားပါတယ်။ သူ့ရဲ့ အရှေ့ဘက်မှာ Earpiece တစ်ခု တပ်ဆင်ထားပြီးယခင် Mi Mix မှာတော့ အခြားနေရာမှာတပ်ဆင်ထားတာ ဖြစ်ပါတယ်။ ရှောင်မီက Mi Mix ရဲ့ အဓိက ပြဿနာတစ်ခုဖြစ်တဲ့ ဖုန်းပြောစဉ်မှာအသံအရည်အသွေ
Mi Mix 2 ရဲ့ ဒီဇိုင်းဟာ Essential Phone နဲ့ ဆင်တူပါတယ်။ မျက်နှာပြင် အပြည့် ဒီဇိုင်းဖြစ်တဲ့အတွက် Buttons များအစား On-Screen Buttons များကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ ပါဝါနဲ့ အသံခလုတ်မျးကိုဖုန်းရဲ့ ညာဘက်မှာတပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာကင်မရာ နှစ်လုံး ပါလာနိုင်ပါတယ်။ ဖုန်းရဲ့ SIM Tray ကိုဘယ်ဘက်မှာတပ်ဆင်ထားမှာ ဖြစ်ပါတယ်။
ဖုန်းရဲ့ အောက်ခြေမှာ Type-C USB Port နဲ့ စပီကာများပါပါတယ်။ Headphone Jack ကိုဖုန်းရဲ့ ထိပ်မှာနေရာချထားပါတယ်။ လက်ဗွေရာ အာရုံခံကိရိယာကို ပါဝါခလုတ်မှာ မြှုပ်နှံထားနိုင်ပါတယ်။ ယခုနှစ် ကုန်ပိုင်းမှာ Xiaomi Mi Mix 2 ကိုမိတ်ဆက်နိုင်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/