8/04/2017

♪ “Samsung Galaxy J5 Pro” ကျပ် ၃၅ဝ,ဝဝဝ/- ဝန်းကျင် ♫

Image may contain: 1 person, text

Samsung ဟာ ၂ဝ၁၇ ခုနှစ်အတွက် ဖုန်းအသစ်များကိုစဉ်ဆက် မပြတ်ထုတ်လုပ်ရောင်းချပေးနေပါတယ်။ ပြည်တွင်း ဈေးကွက်နဲ့ ပြည်ပဈေးကွက်အပေါ်မူတည်၍ ရောင်းချပေးသောဟန်းဆက်အမျိုးအစား များမှာ ကွဲပြားမှုရှိနိုင်ပါတယ်။ Samsung ဟာ ဟန်းဆက်များကို စီးရီးအလိုက် ထုတ်လုပ်ရောင်းချပေးထားပြီး လူသိများသော ဟန်းဆက် များကတော့ J5 နှင့် J7 Series တို့ဖြစ်ပါတယ်။ J5 နှင့် J7 ဟန်းဆက် များဟာ 2016 Edition လည်း ရှိသလို၊ 2017 Edition လည်း ရှိပါတယ်။

J5, J7 ထဲကမှ ထပ်မံရွေးချယ်နိုင်သော Series ကတော့ Prime ဟန်းဆက်နှင့် Pro ဟန်းဆက်တို့ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်အတွက် ထုတ်လုပ် ပေးထားသော J5 ဟာ ထုတ်လုပ်ရောင်းချရာဈေးကွက်ပေါ် မူတည်၍ မော်ဒယ်နံပါတ်ကွဲ များစွာရှိပါတယ်။ J530F/DS ဟာ Global Version Dual SIM အမျိုးအစားဟန်းဆက်ဖြစ်ပြီး၊ J530Y/DS ကတော့ မလေးရှားဈေးကွက်အတွက်ဖြစ်ပါတယ်။ J5 Pro ဟာ ထောင့်စွန်းများတွင် ဝန်းဝိုက်သောပုံစံရှိပြီး ဖုန်း၏အနောက်ဘက်ထိပ်ဘက်နှင့် အောက်ဘက် ထောင့်တွင် ထောင့်ချိုး ပုံစံဒီဇိုင်းဖော်ထားပါသေးတယ်။ အဓိက, ကင်မရာနှင့် Flash မီးကို အနောက်ဘက်အလယ်တည့်တည့်တွင် ဆလင်ဒါပုံစံတပ်ဆင် ပေးထားပြီး ပါဝါခလုတ်နှင့် အသံအတိုးအချဲ့ခလုတ် တို့ဟာ ဖုန်း၏ဘေးဘက် တစ်ဖက်တစ်ချက်စီတွင် နေရာယူထားပါတယ်။ J5 Pro ဟာ ၂ဝ၁၇ ခုနှစ်၊ ဇွန်လကမှထုတ်လုပ်ရောင်းချပေးထားခြင်း ဖြစ်ပြီး၊ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 146.2x 71.3x8 mm ရှိပြီး အလေးချိန်မှာ 160g ရှိပါတယ်။ ကိုင်ဆောင်အသုံးပြုတဲ့အခါ တွင် ပေါ့ပါးပြီး ကျစ်လျစ်သော ကိုယ်ထည်ဒီဇိုင်း ရှိသည့် ဟန်းဆက်ဖြစ်ပါ တယ်။

ဖုန်းမျက်နှာပြင်အတွက် Super AMOLED capacitive touchscreen ကို အသုံးပြုပေးထားကာ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အဝန်းပမာဏကတော့ 5.2 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထား သော pixels ပမာဏကတော့ 720x1280 ဖြစ်ကာ၊ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆမှာ 282 ppi ပါ။ ထည့်သွင်း သုံးစွဲရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano SIM ပါ။ LED Flash, Auto Focus စနစ်များနှင့် တွဲဖက်အသုံးပြုရမယ့် အဓိက, ကင်မရာရဲ့စွမ်းရည်မှာ 13MP, f/1.7 စွမ်းရည်ဖြစ်ပါတယ်။ ရှေ့ကင်မရာငယ်မှာ 13MP, f/1.9 စွမ်းရည်ရှိသောကြောင့် Selfie ရိုက်ကူးမှုအတွက် ကောင်းမွန်သော ထောက်ပံ့မှုကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် မည်သို့သော အနေအထားမှာပင် ဓာတ်ပုံရိုက်ကူးပါစေ ပုံထွက်ကောင်းစေမယ့် ဟန်းဆက်ဖြစ်ပါတယ်။ Face Detection, Panorama, HDR စသော ကင်မရာ ဆက်စပ်ပတ်သက်စနစ်များကိုလည်း ထည့်သွင်းပေးထားပါသေး တယ်။ Sensor စနစ်တွင် Proximity, Accelerometer, Ambient Light နှင့် Gyroscope စသော စနစ်များလည်း ထည့်သွင်းပေးထားပါသေး တယ်။ Wi-Fi, GPS, Bluetooth, NFC, FM စသော ဆက်သွယ်ရေးစနစ် များကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲရမယ့် OS အမျိုးအစားမှာ Android 7.0 ဖြစ်ခြင်းကြောင့် နောက်ဆုံးပေါ် app များကို ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Chipset မှာ Exynos 7870 Octa အမျိုး အစားဖြစ်ပြီး၊ CPU စွမ်းရည်ကတော့ Octa-core 1.6GHz, Cortex- A53 ဖြစ်ခြင်းကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် လျင်မြန်သောတုံ့ပြန်မှု များကို ပေးစွမ်းမှာဖြစ်ပါတယ်။ GPU အမျိုးအစားမှာ Mali-T830MP2 ပါ။

ထည့်သွင်းပေးထားသော မှတ်ဥာဏ်ပမာဏမှာ 32GB ဖြစ်ခြင်းကြောင့် အချက်အလက်များစွာကို သိမ်းဆည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထိုပမာဏဖြင့် အချက်အလက်သိမ်းဆည်းရန် မလုံလောက်သူများ အနေဖြင့် Card Slot စနစ်ကိုအသုံးပြု၍ မှတ်ဥာဏ်ပမာဏကိုချဲ့ထွင် သုံးစွဲနိုင်ပါဦးမယ်။ အများဆုံးတိုးချဲ့နိုင် မယ့်မှတ်ဥာဏ်ပမာဏမှာ 256GB အထိ ဖြစ်ပါတယ်။ ဖုန်းအသုံးပြုသည့်အခါတွင်လည်း လုံခြုံရေးစနစ်မှာ အရေးပါပါတယ်။ ထို့ကြောင့် Samsung ဟာ လုံခြုံရေးစနစ်အတွက် လက်ဗွေရာစနစ်ကိုသာမက မျက်ဝန်းဖတ်စနစ်နှင့် မျက်နှာသိမှတ်မှုစနစ် များကိုပါ တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ အဆင့်မြင့်လုံခြုံရေးစနစ်များကို ထိပ်တန်းစမတ်ဖုန်းများတွင်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ J5 Pro တွင် လုံခြုံရေးစနစ်အဖြစ် လက်ဗွေရာစနစ်ကိုထည့်သွင်းအသုံးပြုနိုင်ပါမယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား မှာ Li-Ion 3000mAh ဖြစ်ပြီး၊ 3G Network တွင် စကားပြောဆိုဖို့ ၂၁ နာရီနီးပါး ခံနိုင်ရည်စွမ်း ရှိမှာဖြစ်ပါတယ်။ သီချင်းနား ထောင်တဲ့အခါတွင် ၈၃ နာရီနီးပါး ခံနိုင်ရည် ရှိအောင် စွမ်းဆောင်ပေးနိုင်မယ့် ဘက်ထရီအမျိုးအစားလည်းဖြစ်ပါတယ်။


ဖုန်းများ ထုတ်လုပ်ရောင်းချသည့်အခါတွင် အရောင်အရည်အသွေးဟာ လည်း အရေးပါပါတယ်။ တန်ဖိုးကြီးဖုန်းများကို လှပသောအရောင် များဖြင့် သီးခြားထုတ်လုပ်သည့်အခါ ဈေးနှုန်းတန်ဖိုးမှာလည်း ကွဲပြားခြားနားမှု ရှိပါတယ်။ J5 Pro ကို အရောင်ရွေးချယ်ဝယ်ယူ ချင်သူများအတွက်လည်း အဆင်ပြေစေရန် လှပသော အရောင်ကွဲများဖြင့် ထုတ်လုပ်ရောင်းချပေး ထားပါတယ်။ J5 Pro ရဲ့ ဈေးနှုန်းတန်ဖိုးမှာ ကျပ် ၃၅ဝ,ဝဝဝ/- ဝန်းကျင် ရှိပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com