8/07/2017

♪ Telenor ကပြုလုပ်လိုက်တဲ့ တစ်မိနစ် ၅၀ ကျပ်နဲ့ ပြည်ပကို ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ် ♫


တစ်မိနစ် ၅၀ ကျပ် နဲ့ ပြည်ပကိုဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ်တစ်ခုကို Telenor ကပြုလုပ်လိုက် တယ်လို့ သိရပါတယ်။


အာရှ-ပစိဖိတ်ဒေသမှ ရှစ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံကိုခေါ်ဆိုနိုင် မယ်လို့သိရပါတယ်။ Happy Hour အစီအစဉ်အဖြစ် ည ၁၀ နာရီမှ နံနက် ၇ နာရီအတွင်းခေါ်ဆိုမှု တွေအကျုံးဝင်မယ်လို့ သိရပါတယ်။ တစ်မိနစ်ကို ၅၀ ကျပ်နှုန်းနဲ့ အဲဒီအချိန်တွေမှာ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတေးလျနှင့် ဟောင်ကောင်နိုင်ငံ တွေကို ခေါ်ဆိုနိုင်မယ်လို့ သိရပါတယ်။ အဲဒီနှုန်းထားမှာ အခွန်ပါဝင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

“ဒီအစီအစဉ်ကို အသုံးပြုဖို့အတွက် ထပ်မံစာရင်းပေးသွင်းဖို့ မလိုအပ်ပါဘူး၊ ကျွန်တော်တို့အနေနဲ့ ဈေးသက်သာတဲ့ ပြည်ပဖုန်းခေါ်ဆိုမှု အစီအစဉ်တွေကို ယခင်ကလည်း မိတ်ဆက်ထားပြီးဖြစ်ပါတယ်” လို့ Telenor Myanmar ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောပါတယ်။



အခုခေါ်ဆိုနိုင်တဲ့ ကိုးနိုင်ငံအပြင် ထိုင်းနဲ့မလေးရှားနိုင်ငံကို ပြည်တွင်းနှုန်းထားနဲ့ ဖုန်းခေါ်ဆိုနိုင်တဲ့ အစီအစဉ် တစ်ခုကိုလည်း ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအစီအစဉ်ကတော့ ထိုင်းနိုင်ငံရှိ dtac နဲ့ မလေးရှားနိုင်ငံ ရှိ Digi သုံးစွဲသူများထံကို ပြည်တွင်း ဖုန်းခေါ်ဆိုမှု နှုန်းထားဖြစ်တဲ့ တစ်မိနစ်၂၅ ကျပ်နှုန်းထားနဲ့ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို အလည်အပတ် သွားရောက်တဲ့ မြန်မာနိုင်ငံသားတွေအတွက် တစ်ကြိမ် စာရင်းပေးသွင်းခ ၅၀၀ ကျပ်ကျသင့်ပြီး ၂၄ နာရီကြာ အသုံးပြုနိုင်တဲ့ အစီအစဉ်ကိုလည်းပေး ထားတယ်လို့ ဆိုပါတယ်။


-ထွန်းထွန်း


Credit to ==>  Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com