8/07/2017

♪ Huawei Y7 Premium PRICE : 279,000ks ရဲ့အားသာချက် အားနည်းချက် ဒီဇိုင်းနှင့် အသေးစိတ်ဖော်ပြချက်များ ♫


PRICE : 279,000ks

အားသာချက်
ဈေးနှုန်းအလယ်အလတ်စားဖုန်းဖြစ်ပြီး ဖုန်းရဲ့ မှတ်ဉာဏ်ပိုင်း၊ CPU, GPU ပိုင်းတွေမှာ သင့်တင့်ကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။ ဖုန်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီက ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မား တဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ အသုံးပြုနိုင်ခြင်းကလည်း ဒီ ဖုန်းရဲ့အားသာချက်တစ်ခုပါပဲ။ OS ပိုင်းမြင့်မားပြီး ကင်မရာပိုင်းမှာဆို ရင်လည်း Megapixels တွေက သင့်တင့်ကောင်းမွန်ပါတယ်။

အားနည်းချက်
တန်ဖိုးသင့် ဖုန်းအမျိုးအစားဖြစ်တဲ့အတွက် Berometer Sensor နဲ့ Temperature လို Sensor တွေကိုဒီဖုန်းမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ Dual Sim ဖုန်းဖြစ်ပေမယ့် SD Card အသုံးပြုမယ်ဆိုရင်တော့ Sim Card တစ်ကတ်ပဲ သုံးလို့ ရမှာပါ။

ဒီဇိုင်း
ရိုးရိုးရှင်းရှင်းနဲ့ လှပသေသပ်တဲ့ ပုံစံမျိုး ရှိပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး ကိုင်တွယ် အသုံးပြုချိန်မှာတော့ ထုထည်နဲ့အလေးချိန် အနည်းငယ်ရှိတယ်လို့ ခံစားရစေပါတယ်။ ကျောဘက်ကာဗာပေါ်မှာ Fingerprint Sensor ကို တပ်ဆင်ပေးထားပြီး Volume Button နဲ့ ပါဝါခလုတ်တွေကတော့ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာပါ။ ဖုန်းရဲ့ ရှေ့ဘက်မြင်ကွင်းမျက်နှာ ပြင်ပေါ်မှာတော့ ခလုတ်တစ်ခုမှမပါပဲ အားလုံးကို Touch စနစ်နဲ့ အသုံးပြုရမှာပါ။

မြင်ကွင်း
၅.၅ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားပါ။

နည်းပညာ
တန်ဖိုးသင့်ဈေးနှုန်း အလယ်အလတ်စား ဖုန်းဖြစ်တဲ့အတွက် ဆန်းသစ်မြင့်မားတဲ့ နည်းပညာတွေကိုတော့ အသုံးပြုထားတာ သိပ်မတွေ့ရပါ ဘူး။ ကင်မရာအသုံးပြုခြင်း အပိုင်းတွေမှာတော့ ကောင်းမွန်အောင် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ ဖုန်းကို Screen ဖွင့်ဖို့ မလိုပဲ Screen Off အခြေအနေတိုင်းနဲ့ မြန်မြန်ဆန်ဆန် ဓာတ်ပုံရိုက်နိုင်မယ့် Ultra snapshot စနစ်၊ မျက်နှာကို ကိုယ်လိုချင်တဲ့ ပုံစံမျိုးပြုပြင် မှတ်သားထားပြီး Selfie ရိုက်တဲ့အချိန်တိုင်းမှာ ပြုပြင်ထားတဲ့ ပုံစံမျိုးအမြဲပေါ်နေစေမယ့် Perfect Selfie စနစ်၊ Manual စနစ်နဲ့ ဓာတ်ပုံရိုက်နိုင်မယ့် Pro Photo စနစ်အပြင် Pro Video, Selfie အတွက် Makeup အစရှိတဲ့ စနစ်တွေကို အသုံးပြုသူတွေ ထိတွေ့နိုင်မှာပါ။ Fingerprint ဟာ ဖုန်းလုံခြုံရေးအတွက်အပြင် အခြားစနစ်တွေအတွက်ပါ ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့ Y7 Prime ဟာဖုန်းရဲ့ CPU, GPU အစရှိတဲ့ ဖုန်းတွင်းအသုံးပြု Hardware ပိုင်းတွေ မှာသင့်တင့်ကောင်းမွန်တယ်လို့ ဆိုနိုင်တဲ့ဖုန်းပါ။ ကင်မရာပိုင်းမှာဆိုရင် လည်း ရှေ့ကင်မရာရော နောက်ဘက်ကင်မရာကပါ Megapixels ပိုင်း မှာသင့်တင့်တဲ့အခြေအနေမျိုးမှာရှိနေပြီး Camera Mode တွေနဲ့ အသုံးပြုနိုင်တဲ့ ဓာတ်ပုံစနစ် ပိုင်းတွေမှာတော့ ကောင်းမွန်တာ တွေ့ရပါတယ်။ ဘက်ထရီပိုင်းမှာလည်း ပါဝါသိုလှောင်နိုင်မှု ပမာဏများပြားတဲ့ ဘက်ထရီဖြစ်တဲ့အတွက် အချိန်ကြာကြာ သုံးနိုင်ပါတယ်။ ဒါပေမဲ့ အားသွင်းမြန်ဆန်တဲ့ Quick Charger လိုစနစ်တွေတော့ ပါဝင်တာမတွေ့ရပါဘူး။ Fingerprint ပိုင်းမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ ဈေးနှုန်းအရ ကြည့်မယ်ဆိုရင်တော့ ဖုန်းရဲ့ Specification ပိုင်းကအခြား Mid Range ဖုန်းတွေထပ်မသာပေမယ့် ဖုန်းတွင်း Settings ပိုင်း၊ Feature ပိုင်းနဲ့ ကင်မပိုင်းတွေမှာတော့ ဒီဖုန်းက ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim, Dual Stand-by)
OS – Android OS, v7.0
CPU – Octa-core 1.4 GHz Cortex-A53
GPU – Adreno 505
Memory – Internal 32GB, 3GB RAM, Micro SD 128GB
Camera – 12 MP, f/2.2, phase detection autofocus, LED flash, geo-tagging, touch focus, face detection, HDR, panorama, Video, Secondary 8 MP, f/2.0
Wi-Fi – 802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth – v4.1, A2DP, LE
Battery – Li-Ion 4000 mAh Battery



သူတို့အမြင်
ကိုကြည်လင်း (စမ်းသပ်အသုံးပြုသူ)
ဖုန်းရဲ့ Specification ပိုင်းကတော့ အခြားအလယ်အလတ်စား ဖုန်းတွေနဲ့ဘာမှ သိပ်ပြီးထူးထူးခြားခြားကွာတာ မရှိသလိုပဲ။ ဒါပေမဲ့ ဖုန်းရဲ့ Settings ပိုင်းနဲ့ အတွင်းပိုင်းမှာ အသုံးပြုရတဲ့ စနစ်တွေနဲ့ ပုံစံတွေကတာ့ ကောင်းပါတယ်။ OS Version ကလည်း မြင့်တော့စုံစုံ လင်လင်သုံးလို့ ရတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း နောက်ဘက် ကင်မရာရဲ့ Megapixels ရဲ့ ကောင်းတဲ့အပြင် Sensor အရွယ်အစားကလည်း ကြီးတဲ့အတွက် ရုပ်ထွက်ပိုင်းလည်း ကောင်းပါတယ်။ ဘက်ထရီကလည်း mAh များတဲ့အပြင် ဖုန်းရဲ့ Screen ပိုင်းနဲ့ CPU ပိုင်းတွေကလည်း ပါဝါသိပ်မစားတော့ ကြာကြာအသုံးခံတယ်။ မှတ်ဉာဏ် ဒီထပ်နည်းနည်းပိုများရင် ပိုကောင်းမယ်လို့ ခံစားရတယ်။

ကိုစိုးသူရ (စမ်းသပ်အသုံးပြုသူ)
CPU ပိုင်းနဲ့ GPU ပိုင်းတွေကောင်းတဲ့ဖုန်းပါ။ မှတ်ဉာဏ်ပိုင်းမှာလည်း သင့်တင့်ပါတယ်။ RAM 3GB နဲ့ သူ့ရဲ့ CPU ရဲ့လုပ်ဆောင်ချက်တွေက မျှတတဲ့အတွက် ဖုန်းကသုံးရတာလည်း ပေါ့ပေါ့ပါးပါးရှိပါတယ်။ Fingerprint ကလည်း တုန့်ပြန်မှု မြန်တာတွေ့ရတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း Megapixels တွေရော Sensor တွေရော ကောင်းပါတယ်။ Memory က 32GB ဆိုတော့ အသင့်အတင့်ပဲလို့ဆိုပေမယ့် မှတ်ဉာဏ်များများ သုံးမယ်ဆိုရင်တော့ SD Card သုံးရမှာပါပဲ။ အဲဒီအချိန်မှာ Sim Card က တစ်ကတ်ပဲသုံးလို့ ရတော့မှာ။ အဲဒါကိုတော့ သိပ်သဘောမကျဘူး။

မအိမ့်မြတ်စံ (စမ်းသပ်အသုံးပြုသူ)
ဒီဖုန်းက ဖုန်းရဲ့ Physical ပိုင်းနဲ့ Specification ပိုင်းတွေကိုပဲ ကြည့်မယ်ဆိုရင်တော့ ဈေးနဲ့သိပ်မတန်သလိုတော့ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထပ်ဈေးနည်းနည်း ပိုသက်သာတဲ့ ဖုန်းတွေရဲ့ Specification ပိုင်းတွေနဲ့ သိပ်မကွာသလိုပဲ။ ဒါပေမယ့် ဖုန်းကို တကယ်တမ်း သုံးကြည့်မယ်ဆိုရင်တော့ Fingerprint ပိုင်း၊ ကင်မရာပိုင်းတွေနဲ့ ဖုန်းအတွင်းပိုင်း စနစ်တွေ၊ Settings ပိုင်းတွေကတော့ ကောင်းပါတယ်။ ဘက်ထရီပိုင်းမှာလည်း ဒီဖုန်းက တော်တော်ကောင်းအောင် သုံးထားတာတွေ့ရတယ်။




-ကိုသက်

Credit to ==>  Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com