8/07/2017

♪ နောက်ဆုံးပေါ် high-end Android ခေါက်ဖုန်း Leader 8 ကို Samsung ပွဲထုတ်မိတ်ဆက် ♫


တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး Samsung ဟာ high-end ခေါက်ဖုန်းတစ်မျိုးကို တရုတ်နိုင်ငံမှာ ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။


အဆိုပါ ပရီမီယံ ခေါက်ဖုန်းရဲ့ မော်ဒယ်နံပါတ်က SM-G9298 ဖြစ်ပြီး Leader 8 လို့ခေါ်ဆိုတယ်လို့ သိရပါတယ်။ အဲ့ဒီခေါက်ဖုန်းမှာ ၄.၂ လက်မ Super AMOLED display နှစ်ခုပါဝင်ပြီး Full HD resolution နဲ့ အသုံးပြုနိုင်ပါတယ်။ Snapdragon 821 chipset ကို အသုံးပြုထားပြီး 4GB RAM, 64GB storage တို့နဲ့ရရှိနိုင်ပါတယ်။ Leader 8 ကို လေယာဉ်ထုတ်လုပ်ရာမှာသုံးတဲ့ အလူမီနီယံသတ္တုစပ်နဲ့ ဖန်တီးထား ပါတယ်။

ဖုန်းရဲ့ကျောဘက်မှာ f/1.7 aperture နဲ့အတူ 12MP ပင်မကင်မရာ ပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာက 5MP ပါ။ ဘက်ထရီက 2,300mAh ဖြစ်ပြီး ကြိုးမဲ့အားသွင်းစနစ် အထောက်အပံ့ပါဝင်ပါတယ်။ Leader 8 ရဲ့အလေးချိန်က ၂၃၅ ဂရမ်ဖြစ်ပြီး အထူက ၁၅.၉ မီလီမီတာဖြစ်ပါတယ်။ Samsung Pay, Secure Folder, S Voice စတဲ့ feature တွေလည်း ပါဝင်လာပါတယ်။

Leader 8 ကို တရုတ်နိုင်ငံမှာ China Mobile ကနေ အနက်ရောင်တစ်မျိုးတည်းနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။
 
 
-နောင်နောင်


Credit to ==>  Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com