8/09/2017

♪ “ပြည်တွင်းမိုဘိုင်းဈေးကွက်ကိုဝင်ရောက်လာတဲ့ Nokia စမတ်ဖုန်းများ” ♫

Image may contain: phone and screen

မိုဘိုင်းဖုန်းလောကရဲ့ ဘုရင်တစ်ပါးလို့သတ်မှတ်နိုင်တဲ့ Nokia ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ မိုဘိုင်းဖုန်း ဈေးကွက်အတွက် စမတ်ဖုန်းအသစ် ၄ မျိုးကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ဖုန်းလောကနဲ့ အချိန်အတန်ကြာကင်းကွာနေခဲ့တဲ့ Nokia ရဲ့စမတ်ဖုန်းတွေဟာ စွဲမက်စရာကောင်းလောက်အောင် ဒီဇိုင်းနဲ့ Hardware ပိုင်းမှာ ပြည့်စုံခဲ့ ပါတယ်။ ဒါ့အပြင် ဈေးနှုန်းပိုင်းအရ ကြည့်လိုက်မယ်ဆိုရင်လည်း တန်ဖိုးသင့်၊ တန်ဖိုးကြီးဆိုပြီးခွဲခြားထားပါတယ်။ အမြင့်ဆုံးစမတ်ဖုန်း လို့ဆိုနိုင်မယ့် Nokia 6 တောင်မှ ဈေးနှုန်း ၃ သိန်းစွန်းစွန်းနဲ့ဝယ်ယူနိုင် မှာဖြစ်ပါတယ်။ စမတ်ဖုန်းအားလုံးမှာ Android OS နဲ့အတူ Google Assistant ထည့်သွင်းထားပါတယ်။ ဒါကြောင့် ပြည်တွင်းဈေးကွက် ဝင်ရောက်လာတဲ့ Nokia ရဲ့စမတ်ဖုန်း အသစ်တွေအကြောင်း မိတ်ဆက်ဖော်ပြပေးလိုက်ပါတယ် . . .

<Nokia 6>

Nokia 6 ဟာ စမတ်ဖုန်း ၄ လုံးထဲမှာ စွမ်းဆောင်ရည်အမြင့်မားဆုံးဖြစ် ပါတယ်။ Dual SIM Smartphone ဖြစ်ပြီး ၅.၅လက်မ Full HD Display တပ်ဆင်ထားပါတယ်။ ရှင်းလင်းပြတ်သားတဲ့ Display နဲ့ဖြစ်ပြီး ဖျော်ဖြေရေး ဆိုင်ရာအတွက် ကောင်းမွန်ပြီးနေရောင်ထဲမှာ ဖုန်းကိုသုံး မယ်ဆိုရင် ပတ်ဝန်းကျင်အလင်းနဲ့ ချိန်ညှိပေးပါလိမ့်မယ်။ Wide view angle ကြောင့် လည်း သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကားတွေကြည့်တဲ့အခါမှာ မြင်ကွင်းရှင်းနေပါလိမ့်မယ်။ မျက်နှာပြင်ကို Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။ Octa-Core Qualcomm Snapdragon 430 ပရိုဆက်ဆာနဲ့အတူ ဂရပ်ဖစ်ပိုင်းအတွက် Adreno 505 GPU ကို သုံးထားပါတယ်။ အချက်အလက်သို လှောင်မှုအတွက် 32GB တပ်ဆင် ထားပြီး 3GB RAM နဲ့ဖြစ်ပါတယ်။ 128GB အထိ ဝင်ဆံ့တဲ့ microSD Card ထပ်မံထည့်သွင်းနိုင်ပါလိမ့်မယ်။ ကင်မရာပိုင်းမှာတော့ PDAF ပါတဲ့ 16MP နောက်ကျောဘက် ကင်မရာနဲ့ 8MP အရှေ့ဘက်ကင်မရာ တပ်ဆင်ပေးထားပါတယ်။ နောက်ကျောဘက် 16MP ကင်မရာမှာ phase detection autofocus လုပ်ဆောင်ချက်ကို သုံးနိုင်ပါလိမ့်မယ်။ Dual-tone flash ဟာ အဓိကကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ကူးတဲ့အခါမှာ သဘာဝအတိုင်းကြည့်ကောင်းတဲ့ပုံထွက်ရအောင် ကူညီပေးပါလိမ့်မယ်။ အလင်းအားနည်းတဲ့အချိန်မှာတောင် ရုပ်ထွက်ကောင်းပါလိမ့်မယ်။ ကွန်ရက်ချိတ်ဆက်မှုပိုင်းအတွက်တော့ 4G LTE, Bluetooth 4.1, USB OTG, WiFi, GPS များကို ထောက်ပံ့ပါတယ်။ ဘက်ထရီစွမ်းအားပိုင်း မှာတော့ 3000 mAh နဲ့ ဖြစ်ကာ Dolby Atoms နည်းပညာပါတဲ့စပီကာ ၂ လုံးတပ်ဆင်ထားပါတယ်။ Dual စပီကာစနစ်နဲ့အတူ အသံညှိစနစ်ပိုင်း မှာလည်း ကောင်းမွန်ပါတယ်။ လက်ဗွေရာအာရုံခံကိရိယာကို Home Button မှာမြှုပ်နှံထား ပါတယ်။ သပ်ရပ်တဲ့ကိုယ်ထည်ဒီဇိုင်းနဲ့ လက်ထဲမှာ အလိုက်သင့် ကိုင်တွယ်နိုင်မယ့်ပုံစံမျိုး နိုကီယာ ၆ မှာတွေ့ရမှာဖြစ်ပါ တယ်။ အရောင်ရွေးချယ်မှုပိုင်းမှာလည်း အရောင်ကွဲလေးရောင်အထိရှိပြီး စွမ်းဆောင်ရည်နဲ့ဘက်ထရီ လိုက်ဖက်ညီတဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။

<Nokia 5>

Nokia 5 မှာ ၅.၂လက်မမျက်နှာပြင်တပ်ဆင်ထားပြီး အလူမီနီယမ် ကိုယ်ထည် နဲ့တည်ဆောက်ထားပါတယ်။ Compact ဖုန်းဒီဇိုင်းဖြစ်ပြီး သူ့မှာ Nokia 3 ထက်ပိုသာတဲ့လုပ်ဆောင်ချက်အချို့ကို မြင်ရမှာဖြစ်ပါ တယ်။ ပရီမီယမ်ဒီဇိုင်းကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရနိုင်မှာဖြစ်ပါတယ်။ 720D မျက်နှာပြင်ဟာ ဂိမ်းဆော့ကစားလိုသူတွေနဲ့ ဗီဒီယိုကြည့်လို သူတွေအတွက် အဆင်ပြေ မယ့်ပုံရိပ်ဖော်ပြနိုင်စွမ်းကို ရရှိစေပါလိမ့်မယ်။ နိုကီယာဟာ Android ဖုန်းဈေးကွက်ဆီကို အလုံးစုံဝင်ရောက်လာခဲ့ပါပြီ။ သူ့မှာ Android 7.1 ကို တစ်ပါတည်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။ အချက် အလက်သိုလှောင်ဖို့အတွက် 16GB Storage နဲ့ဖြစ်ပြီး 2GB RAM ထောက်ပံ့ပေးထားမှာပါ။ ပရိုဆက်ဆာနဲ့ပတ်သက်ရင်လည်း လုပ်ဆောင် ချက်တွေကို မြန်ဆန်စွာစွမ်းဆောင်ပေးမယ့် Qualcomm Snapdragon 430 နဲ့ဖြစ်ပါတယ်။ ကင်မရာတပ်ဆင်ပေးထားမှုမှာတော့ နောက်ကျော ဘက်ကင်မရာဟာ 13MP ဖြစ်ပြီး အရှေ့ ဘက်ကင်မရာငယ်ကတော့ 8MP တပ်ဆင်ထားပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3000mAh ဖြစ်တာကြောင့် စွမ်းရည်ပြည့် လုပ်ဆောင်နိုင်မှုနဲ့ အသုံးချနိုင်ပါလိမ့်မယ်။ အပြာ၊ အနက်နဲ့ ငွေရောင်များထုတ်လုပ်ပေးထားပါတယ်။

<Nokia 3>

Nokia 3 ကိုတော့ Entry-level အဆင့်ဖုန်းအဖြစ် သတ်မှတ် ထုတ်လုပ်ပေးလိုက်တာဖြစ်ပါတယ်။ အလူမီနီယမ်ကိုယ် ထည်နဲ့အတူ နောက်ကျောဘက်မှာတော့ ပိုလီကာဗွန်နိတ်အသားကို သုံးထားပါတယ်။ Nokia 3 မှာ၅လက်မ HD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ပုံရိပ်ဖော်ပြ သည့်အပိုင်းမှာတော့ IPS display မှာ 1280 x 720pixels နဲ့ ဖြစ်ပါတယ်။ မျက်နှာပြင် ကာကွယ်နိုင်မှုအတွက် gorilla glass နဲ့ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက်မှာ 8MP Camera ပါရှိပါတယ်။ အရှေ့ဘက်ကင်မရာ ဟာ wideangle ဖြစ်တာကြောင့်ပုံရိပ်တွေကို အကောင်းဆုံးဖမ်းယူနိုင်ပါလိမ့် မယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Quad-Core MediaTek MT6737 Chipset မောင်းနှင်မှာဖြစ်ပြီး 2GB RAM နဲ့ဖြစ်ပါတယ်။ အချက်အလက် သိုလှောင်နိုင်စွမ်းအတွက်ကတော့ 16GB နဲ့လာမှာဖြစ်ပြီး SD card ကို ထပ်ထည့်မယ်ဆိုရင်တော့ 128GB အထိ လက်ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ဘက်ထရီစွမ်းအား ကတော့ 2650mAh ကို ထည့်သွင်းပေးထားပါတယ်။ OS ကတော့ နောက်ဆုံးထွက် Android 7.1.1 Nougat ကို သုံးနိုင်ပါ လိမ့်မယ်။

<Nokia 3310>

မိုဘိုင်း Handset ရဲ့ Keypad ဖုန်းလောကမှာဘုရင်တစ်ဆူလို့ ခေါ်နိုင်တဲ့ Nokia 3310 ကို ပြန်လည်ဆန်းသစ်ပြီး ထုတ် လုပ်ပေးလိုက်ပါတယ်။ ဆန်းသစ်တဲ့သွင်ပြင်နဲ့ ပြန်လည်ထွက်ရှိလာတဲ့ Nokia 3310 ဟာ 2G Network အမျိုးအစားဖြစ်ပါ တယ်။ Nokia 3310 မှာ 2.4 လက်မ VGA Display တပ်ဆင်ထားပါတယ်။ Resolution ကတော့ 240 x 320 Pixels ဖြစ်ကာ Pixel သိပ်သည်းဆပမာဏကတော့ 167ppi ဖြစ်ပါတယ်။ 2MP Camera နဲ့ microSD Card Slot ပါပါတယ်။ Keypad Phone ဖြစ်ပြီး ဘက်ထရီသက်တမ်းမှာဖုန်းပြောရင် ၂၂ နာရီနဲ့ Standby အသုံးပြုရင် တစ်လအသုံးခံပါတယ်။ 3G ရတဲ့ Internet တွေ လောက်တော့ Version သုံးရတာ မမြန်လောက်ပါဘူး။ Version အသစ်နဲ့ကစားနိုင်တဲ့ Snake Game လည်း ထည့်သွင်းပေး ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဖုန်းထဲ မှာ Contact ပေါင်း ၂ဝဝဝ ထိ မှတ်နိုင်ပြီး မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏကတော့ 16MB ဖြစ်ပြီး Micro SD ကိုလည်း 32GB ထိ တိုးမြှင့် သုံးစွဲနိုင်ပါတယ်။ အရောင်လေးမျိုးနဲ့ရနိုင်မှာဖြစ်ပြီး Warm Red, Yellow, Dark Blue နဲ့ Gray တို့ပဲဖြစ်ပါတယ်။ ဟိုးအချိန်တုန်းက နိုကီယာ ဖုန်းတွေကို နှစ်သက်သူတွေအတွက် ဝယ်ယူကိုင်တွယ်ချင်စရာ ဖုန်းလေး တစ်ခုလို့ ဆိုနိုင်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com