8/09/2017

♪ " Huawei Y5 (2017) VS Huawei Y6 (2017) " တို့ရဲ့အားသာချက်အားနည်းချက်တွေကိုနှိုင်းယှဉ်ကြည့်ရအောင် ♫

Image may contain: phone

ဒီတစ်ခါတော့ မကြာသေးမီက ထွက်ရှိထားတဲ့ Huawei Y5 (2017) နဲ့ Huawei Y6 (2017) ဆိုတဲ့ အဆင့်မြင့်စမတ်ဖုန်း 2 လုံးကို နှိုင်းယှဉ်ပြောပြသွားပါမယ်။ ၎င်းဖုန်း 2 လုံးက ဈေးနှုန်းသိပ်မကွာခြားဘဲ Huawei Y6 (2017) က နည်းနည်းလေးသာ ဈေးပိုမြင့်ပါတယ်။ ဖုန်းအရွယ်အစား၊ ဒီဇိုင်းပုံစံစတဲ့ အပြင်ပန်းကနေကြည့်မယ်ဆိုရင် ခွဲခြားလို့တောင်မရပါဘူး။ ထည့်သွင်းပေးထားတဲ့ Specs တွေကို ကြည့်မယ်ဆိုရင်လည်း မျက်နှာပြင်အရည်အသွေး၊ စက်စွမ်းဆောင်ရည်၊ ဘက်ထရီစွမ်းအား၊ Internal memory, RAM စတာတွေ အကုန်လုံးကတူညီပြီး Y6 က Y5 ထက် ပိုမိုကောင်းမွန်တဲ့ အနောက်ကင်မရာစွမ်းအားလေး ပါရှိတာသာ ကွာခြားပါတယ်။ ၎င်းဖုန်း တွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး ဖုန်း 2 ခုလုံး မှာ Dual SIM စနစ်ပါရှိပါတယ်။ Internal memory 16GB, RAM 2GB ပါရှိတာခြင်းလည်း တူညီပြီး Li-Ion 3000mAh battery ကို အသီးသီး ထောက်ပံ့ပေးထားပါတယ်။

Design
>>>>><<<<<

1. Huawei Y5 (2017)

>>>>>

Huawei Y5 (2017) ရဲ့အရွယ်အစားက 143.8×72×8.4mm ဖြစ်ပြီး 150g လေးပါတယ်။ ဒါကြောင့် အရမ်းကြီးလည်း မလေးလို့ ကိုင်ရတာ အဆင်ပြေပါတယ်။ ၎င်းကို အဖြူ၊ အပြာ၊ မီးခိုး၊ ရွှေရောင်နဲ့ ပန်းရောင်ဆိုတဲ့ အရောင် 4 မျိုး ထုတ်လုပ်ထားပါတယ်။

2. Huawei Y6 (2017)

>>>>>

Huawei Y6 (2017) ရဲ့ဒီဇိုင်းပုံစံ၊ အရွယ်အစားနဲ့ အလေးချိန်တွေ အားလုံးကပါ Y5 နဲ့ အတူတူပဲဖြစ်ပြီး သူ့ကိုတော့ မီးခိုးရောင်၊ အဖြူ ရောင်၊ ရွှေရောင်နဲ့ မီးခိုးရောင်ဆိုပြီး 3 ရောင် ထုတ်လုပ်ပေးထားပါတယ်။

Processor
>>>>><<<<<

1. Huawei Y5 (2017)

>>>>>

စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 2GB ပါရှိတဲ့ Mediatek MT6737T chipset, Quad-core 1.4GHz Cortex-A53 processor နဲ့ Mali-T720MP2 GPU တို့ကိုပံ့ပိုးထားပါတယ်။ ဒါကြောင့် လုပ်ဆောင်နိုင်စွမ်း တွေကတော့ အသင့်အတင့်ကောင်းမွန်ပါတယ်။

2. Huawei Y6 (2017)

>>>>>

၎င်းမှာလည်း တူညီတဲ့ Chipset, Processor နဲ့ GPU တွေကိုသုံးထားတာကို တွေ့ရတာကြောင့် လုပ်ဆောင်ပေးနိုင်တဲ့ စက်စွမ်းဆောင်ရည်က တူညီမှုရှိသလို ရုပ်ထွက်ပိုင်းမှာလည်း စွမ်းရည်ချင်းတူညီပါတယ်။

Display
>>>>><<<<<

1. Huawei Y5 (2017)

>>>>>

မျက်နှာပြင်အကျယ် 5 လက်မရှိပြီး IPS LCD capacitive touch-screen display အမျိုးအစားကိုသုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 720×1280 pixels ရှိပြီး 1 လက်မသိပ်သည်းဆက ~294 ppi pixels ပမာဏ ရှိပါတယ်။

2. Huawei Y6 (2017)

>>>>>

မျက်နှာပြင်အကျယ် Display အမျိုးအစားနဲ့ ပြသနိုင်တဲ့ မြင်ကွင်း စွမ်းအားတွေက တူညီသလို 1 လက်မ သိပ်သည်းဆခြင်းလည်း တူပါတယ်။ ဒါ့အပြင် ဖုန်း 2 လုံးစလုံးမှာ Multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။

Verdict
>>>>><<<<

1. Huawei Y5 (2017)

>>>>>

Huawei Y5 (2017) ရဲ့ အနောက်ကင်မရာက 8MP, f/2.0 aperture ပါရှိပြီး အရှေ့ကင်မရာမှာ 5MP ရှိပါတယ်။ ဒါကြောင့် အသင့်အတင့်သာ ကောင်းမွန်တဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူနိုင်မှာပါ။ ဒီဖုန်းက ဈေးသက်သက်သာသာနဲ့ သာမန်ဖုန်းသုံးစွဲသူတွေ အတွက်တော့ အဆင်ပြေပါတယ်။

2. Huawei Y6 (2017)

>>>>>

Huawei Y6 (2017) ရဲ့ အနောက်ကင်မရာကတော့ 13MP တောင် ရှိတဲ့အတွက် Y5 ထက် အနောက်ကင်မရာစွမ်းအားပိုင်းမှာ ပိုမို သာလွန်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အရှေ့ကင်မရာကတော့ အတူတူပါပဲ။ ဒါကြောင့် ဈေးနှုန်းနည်းနည်းပိုမြင့်မားပြီး ကင်မရာ ပိုကောင်းတာကို ကြိုက်တဲ့သူတွေအတွက် သင့်တော်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com