8/12/2017

♪ လူအများစိတ်ဝင်တစားစောင့်မျှော်နေတဲ့ Nokia လာပါပြီ - " Nokia 6 " Price » 319,000 Ks ♫

Image may contain: phone

Nokia ဆိုတာက အရင်က ဖုန်းလောကမှာ နာမည်တစ်လုံးတည်းနဲ့ ရပ်တည်လာခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ယခုအားလုံးနည်းတူ ၎င်းရဲ့ ပထမဆုံး Android ဖုန်းတွေဆီကို စတင်လျှောက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။ အခု မိတ်ဆက်ပေးမယ့် Nokia 6 ကတော့ သူရဲ့လက်ရှိ Android ဖုန်း 4 လုံး ထဲက အကောင်းဆုံး နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ဈေးနှုန်းကလည်းသင့်တင့်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလောက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဈေးကွက်ထဲမှာ ဝယ်ယူလို့ရနေပါပြီ။ ၎င်းရဲ့ ကိုယ်ထည်တည်ဆောက်ပုံဒီဇိုင်းက တောင့်တောင့်တင်းတင်းရှိပြီး ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ် ထားတာမို့ အကြမ်းလည်းခံပါတယ်။ ဒီဇိုင်းပုံစံက Premium ကျပြီး ပေးရတဲ့ဈေး နဲ့ မထင်မှတ်လောက်အောင်ကို လှပပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ရိုးရှင်းပြီး ဘေးဘောင် bezel တွေက မပါသလောက် ကျဉ်းပါတယ်။ မျက်နှာပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့ အောက်ခြေမှာ Home button တို့တည်ရှိပြီး Home button ဘေးတစ်ဖက်စီမှာ Capacitive-touch back key နဲ့ Multi-tasking key တို့ပါရှိပါတယ်။


၎င်း Home buttons မှာတော့ Fingerprint sensor ကိုတပ်ဆင်ထားပြီး Home button ကို 2 ချက်နှိပ်ရုံနဲ့ ဖုန်းကို unlock လုပ်ပေးနိုင်ပါတယ်။ ၎င်းက ဖုန်းထဲက data တွေကို လုံခြုံစွာ ကာကွယ်ပေးထားနိုင်ပါတယ်။ ညာဘက်ဘေးဘောင်မှာ အသံအတိုးအကျယ်ခလုတ်နဲ့ ပါဝါခလုတ်တွေကို တပ်ဆင်ထားပြီး ဘယ်ဘက်မှာတော့ SIM tray ကို တွေ့မြင်နိုင်ပါတယ်။ အပေါ်ဘက်မှာ 3.5mm headphonejack နဲ့ micro USB port နဲ့ single internal speaker တို့ကိုတော့ အောက်ခြေဘောင်မှာတွေ့ရပါတယ်


နောက်ကျောဘက်ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာ အနောက် ကင်မရာ Lens နဲ့ သူ့အောက်မှာ LED Flash မီးလုံးနဲ့ Logo တို့ပါရှိပါတယ်။ ဖုန်းရဲ့အရွယ်အစားက 154×75.8×7.9mm ရှိပြီး 169g အလေးချိန်လေးပါတယ်။ ဒါကြောင့် ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော်အရွယ်အစားနဲ့ အလေးချိန်ပါပဲ။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင် ပြီး Nano SIM card 2 card ကို တစ်ပြိုင်နက်တည်းထည့်သုံးနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ မျက်နှာပြင်အကျယ်က 5 လက်မခွဲအကျယ်ရှိပြီး IPS LCD Capacitive touchscreen display အမျိုးအစားကိုသုံးထားပါတယ်။ ၎င်းမျက်နှာပြင်က မြင်ကွင်းစွမ်းအားအနေနဲ့ 1080×1920 pixels ကို အပြည့် အဝပေးစွမ်းနိုင်လို့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကြည့်ရတာလည်း အဆင်ပြေ ပါတယ်။


1 လက်မမှာရှိတဲ့ သိပ်သည်းဆပမာဏကတော့ ~403 ppi pixels ရှိပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာလည်း multitouch စနစ်ကို သုံးစွဲနိုင် ပြီး အပေါ်ကနေ Corning Gorilla Glass 3 ကို ထပ်မံဖုံးအုပ်ပေးထားပါတယ်။ အထဲမှာတော့ Android ရဲ့ နောက်ဆုံးပေါ် Android 7.1.1 (Nougat) ကို run ပေးထားပြီး သုံးစွဲလို့ကောင်းတဲ့ User Interface ကိုသုံးထားပါတယ်။ အနောက်ကင်မရာက 16MP နဲ့ f/2.0 aperture စွမ်းအားရှိလို့ အရည်အသွေး မြင့်မားတဲ့ဓာတ်ပုံတွေနဲ့ 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာကတော့ 8MP ပါရှိပြီး aperture စွမ်း အားချင်းကတော့ အနောက်ကင်မရာနဲ့အတူတူပါပဲ။ ဖုန်းရဲ့လုပ်ဆောင်နိုင် စွမ်းတွေကို အကောင်းဆုံးပေးစွမ်းနိုင်ဖို့ တန်းဝင်အဆင့်ရှိတဲ့ CPU နဲ့ GPU တွေကို ထောက်ပံ့ပေးထားပါတယ်။


ဖုန်းထဲမှာ data တွေကို သိမ်းဆည်းဖို့အတွက် Internal memory 32GB ပါရှိတဲ့အပြင် Micro SD card ကို 256GB အထိ ထပ်စိုက်သုံးလို့ရပါတယ်။ RAM အနေနဲ့ကတော့ 3GB ပါရှိပါတယ်။ ၎င်းရဲ့ USB ပေါက်က microUSB 2.0 ဖြစ်ပြီး NFC စနစ်လည်း ပါရှိပါသေးတယ်။ ဒါ့အပြင် ဘက်ထရီစွမ်းအား ပိုင်းမှာလည်း ကောင်းမွန်မှုရှိပါတယ်။ ၎င်းဖုန်းကို အမည်းရောင်၊ အပြာ ရောင်၊ ငွေရောင်နဲ့ ကြေးနီရောင်ဆိုပြီး အရောင် 4 မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့် Nokia ရဲ့ Android ဖုန်းတွေကို စောင့်မျှော်နေတဲ့သူ တွေကတော့ ဈေးကွက်ထဲမှာ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

Battery Life
>>>>>

ကိုယ်ထည်ထဲမှာ ထည့်သွင်းထားတဲ့ Non-removable Li-Ion 3000mAh battery က သာမန်ဖုန်းသုံးစွဲသူတွေအတွက် တစ်နေ့တာလုံး လုံလောက်ပြီး Fast battery charging စနစ်လည်း ပါရှိလို့ ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။

Design
>>>>>

ဒီဇိုင်းပုံစံကတော့ တစ်ခြား Android ဖုန်းတွေနဲ့ ဘာမှသိပ်မကွာခြား ဘဲ ကိုယ်ထည်ကိုသတ္တုနဲ့ပြုလုပ်ပေးထားလို့ အကြမ်းခံပြီး တာရှည်လည်း အသုံးပြုနိုင်ပါတယ်။ ဒီဖုန်းလေးက sofeware ပိုင်းလည်း အဆင့်မြင့်သလို hardware ပိုင်းမှာလည်း ကောင်းမွန်တာကြောင့် တစ်ချက်ကြည့်ရုံနဲ့တင် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးမှန်း သိသာစေပါတယ်။

Processor
>>>>>

၎င်းမှာ Qualcomm MSM8937 Snapdragon 430 Octa-core 1.4GHz Cortex- A53 processor ကိုထောက်ပံ့ပေးထားပြီး Adreno 505 graphics card ကို သုံးထားပါတယ်။ ဒါကြောင့် ပေးရတဲ့ ဈေးနှုန်းနဲ့ထိုက်တန်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ သဘာဝကျတဲ့ရုပ်ထွက်တွေကို ပေးစွမ်းနိုင်ပါတယ်။

Display and Camera
>>>>>

5 လက်မခွဲအကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD capacitive touch-screen display အမျိုးအစားနဲ့ပြုလုပ်ပေးထားပြီး 1080×1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိမှာပါ။ 16MPရှိတဲ့ အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာတို့ ပါရှိပြီး 2 ခုလုံးမှာ f/2.0 aperture စွမ်းအားတွေ ပါရှိပါတယ်။

Verdict
>>>>>

ဒီ Nokia 6 ဟာ ဈေးနှုန်းသင့်တင့်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးပဲဖြစ်ပြီး သုံးစွဲရတာလည်း အဆင်ပြေပါတယ်။ မျက်နှာပြင်စွမ်းအား ကောင်းမွန်တဲ့အပြင် အသံစွမ်းရည်လည်း ပြည့်ဝတာကြောင့် ရုပ်ရှင် ကြည့်တာတွေနဲ့ ဂိမ်းကစားတာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင် ပါတယ်။



" Nokia 6 "
---------------------

Price » 319,000 Ks
Contact Phone » 01-371924
( AMT Mobile Sales & Services )

Specification
>>>>><<<<<

» Network : 2G, 3G, 4G (Dual SIM)
» Weight : 169 g
» Display : 5.5", IPS LCD capacitive touchscreen
» Dimensions : 154 x 75.8 x 7.9 mm
» Memory : 32GB, 3GB RAM, microSD card up to 256GB
» Camera : 16MP, f/2.0, phase detection autofocus, dual-LED (dual tone) flash, 1.0µm pixel size,
touch focus, face detection, panorama, HDR
Front : 8MP, f/2.0, 1.12µm pixel size
» Connectivity : GPS, WLAN, Bluetooth 4.0, microUSB 2.0
» OS : Android OS 7.1.1 (Nougat)
» Chipset : Qualcomm MSM8937 Snapdragon 430 GPU : Adreno 505
CPU : Octa-core 1.4GHz Cortex-A53
» Protection : Corning Gorilla Glass 3

 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com