8/12/2017

♪ “ မြန်နှုန်းမြင့် CPU နဲ့ ဈေးနှုန်းကျပ် (3) သိန်းပတ်ဝန်းကျင် Meizu M6 Note ” ♫

No automatic alt text available.

တရုတ်စမတ်ဖုန်းထုတ်လုပ်တဲ့ Meizu က Meizu M6 Note စမတ်ဖုန်းကို တရုတ်ပြည်တွင်းမှာ စတင်မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး ဒီစမတ်ဖုန်းမှာ CPU မြန်နှုန်းကို တိုးမြှင့်ထားတယ်လို့ သိရပါတယ်။ Meizu M5 Note က အောင်မြင်မှုရရှိခဲ့ပြီး အခုလည်း နောက်ထွက်မယ့် Meizu M6 Note စမတ်ဖုန်းရဲ့ ဈေးနှုန်းနဲ့ လုပ်ဆောင်ချက်တွေကို အွန်လိုင်းမှာ ထုတ်ဖော်ပြောကြားလာကြတာပါ။

တရုတ်ဝက်ဘ်ဆိုက်ဖြစ်တဲ့ MyDrivers မှာ ပေါက်ကြားခဲ့တာဖြစ်ပြီး စမတ်ဖုန်းအသစ်ကို 2017 စက်တင်ဘာလ ပထမအပတ် 6 ရက်နေ့ ဘေဂျင်းမှာ မိတ်ဆက်မယ်လို့လည်း သိရပါတယ်။ Meizu M6 Note ရဲ့ဈေးနှုန်းကတော့ တရုတ်ယွမ် 1500 ဖြစ်ပြီး အိန္ဒိယရူပီး 15000 ခန့် (မြန်မာငွေကျပ် 3 သိန်းဝန်းကျင်) ရှိမယ်လို့လည်း MyDrivers မှာ ဖော်ပြထားပါတယ်။ ဒီစမတ်ဖုန်းမှာ MediaTekHelio P25 processor ကို အသုံးပြုထားသလို သတ္တုကိုယ်ထည်ကိုလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။

တရုတ်ဝက်ဘ်ဆိုက်မှာတော့ Meizu M6 Note နဲ့ပတ်သက်တဲ့ နောက်ထပ်အချက်အလက်တွေ ဖော်ပြထားခြင်းမရရှိပေမယ့် GSMarena ကတော့ Full HD resolution နဲ့ 5.5-inch LCD screen ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီစမတ်ဖုန်းကို 2 မျိုးရရှိနိုင်မှာဖြစ်ပြီး တစ်မျိုးမှာတော့ RAM 3GB ၊ 32GB storage ပါဝင်မှာဖြစ်ပြီး အခြားတစ်မျိုးမှာတော့ RAM 4GB ၊ 64GB built-in storage ပါဝင်မှာ ဖြစ်ပါတယ်။ Meizu M6 Note မှာ 4000 mAh ဘက်ထရီကို အသုံးပြုလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ 

လုပ်ဆောင်ချက်တွေကို ကြည့်ရမယ်ဆိုရင် Meizu M6 Note က lower mid-range Android ဟန်းဆက်အမျိုးအစားဖြစ်နိုင်ပြီး အိန္ဒိယဈေးကွက်ထဲက ရူပီး 15000 ဝန်းကျင်ရှိတဲ့ Xiaomi ၊ Lenovo နဲ့ Motorola ရဲ့စမတ်ဖုန်းတွေကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပုံပါပဲ။ လတ်တလော Meizu က ထုတ်လုပ်တဲ့ ရူပီး 15000 ဝန်းကျင်စမတ်ဖုန်းတွေမှာ full HD screens ၊ fingerprint scanners နဲ့ dual-cameras တွေ ပါဝင်ကြပါတယ်။




#gizbot.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com