
နောက်ဆုံးပေါက်ကြားတဲ့ သတင်းအရဆို Samsung ဟာ storage 256 GB နဲ့ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ နေရာတိုင်းမှာမဟုတ်ပေမယ့် အနည်းဆုံးတော့ ကိုရီးယားမှာ ဖြစ်မှာ သေချာတယ် လို့ ဆမ်ဆောင်းနဲ့ နီးစပ်တဲ့ သတင်းဆိုဒ်တွေ အရ သိရပါတယ်။
August 23 ကို နီးကပ်တာလာနဲ့ အမျှ Galaxy Note 8 ပေါ်ထားတဲ့ မျှော်လင့်ချက်တွေက ပိုများလာပြီး သူက ဘာကို အကောင်းဆုံးလုပ်ထားမလဲ အမြဲနားစွင့်နေရတယ် လို့ သတင်းတွေက ဆိုပါတယ်။ Roland Quandt ရဲ့ အဆိုအရဆို တချို့ Galaxy Note 8 device တွေက internal storage 256GB နဲ့ လာလိမ့်မယ်လို့ ပြောထားပါတယ်။
ဒီ model number တွေဖြစ်တဲ့ “SM-N950N256”, “SM-N950NK_256G”, “SM-N950NK_256GBE”, and “SM-N950NK_256GBK” တွေမှာ အားလုံးက 256GB တွေအနေနဲ့ တွေ့မြင်ခဲ့ရပြီး Galaxy S8 model တွေ လို့ပဲ အရှေ့က အက္ခရာတွေဟာ ကိုရီးယားနဲ့ ကိုရီးယားပြည်နယ်တွေကို ညွှန်ပြထားတာကို တွေ့ရမယ် လို့ ဆိုပါတယ်။ တကယ်လို့ Galaxy S8 က ဘယ်လို အရိပ်နိမိတ်မှ မပြရင်တော့ အရှေ့တောင်အာရှ အတွက် ဒါမှမဟုတ် တရုတ်အတွက် 256 GB version ကိုပဲ လုပ်ပါလိမ့်မယ်။
တကယ်လို့ ကိုယ် က 256 GB version ကို မရဘူးဆိုလည်း စိတ်မကောင်းဖြစ်စရာမလိုဘဲ Galaxy Note 8 ကပါလာမယ့် microSD slot နဲ့ သုံးစွဲပြီး Space မလောက်မင ဖြစ်မှသာ ၀ယ်ယူသင့်တယ် လို့ အကြံပေးထားတာလည်း ရှိပါတယ်။ Galaxy Note 8 ဟာ ၂ပတ်လောက်နေရင် New York City မှာ တရားဝင် ရောက်ရှိတော့မှာ ဖြစ်ပြီး အဲ့အခါကျမှ သူ့ရဲ့ သတင်းပေါင်းစုံကို နားစွင့်ခွင့်ရမှာပါ။