8/04/2017

♪ " MPT အသုံးပြုသူများ M-learning Portal တွင် အင်္ဂလိပ်စာကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သင်ယူနိုင်ပြီ " ♫

Image may contain: one or more people and text

MPT အသုံးပြုသူများသည် M-learning Portal တွင် အင်္ဂလိပ်စာကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သင်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်စေရန် ရည်ရွယ်ထားသည့် ပညာသင်ကြားရေး Protal ဖြစ်သော M-Learning ဝန်ဆောင်မှုတွင် သုံးစွဲသူ၏ အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့် (အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်) အပေါ်မူတည်၍ ကဏ္ဍအမျိုးမျိုးခွဲခြားထားသော သင်ခန်းစာမျိုးစုံ ပါဝင်မည်ဖြစ်သည်။.

M-Learning မိုဘိုင်းလ် Portal တွင် ကဏ္ဍခြောက်မျိုးပါဝင်ပြီး နောက်ဆုံးပေါ် ဝေါဟာရများ၊ စကားပြောဆို မှုနှင့် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာ အချက်အလက်များအပြင် အသံထွက်လေ့ကျင့်ရန်အတွက် အကြံပေးချက် အသံနမူနာများ ပါဝင်သည်။ ရယူအသုံးပြုလိုသူများ အနေဖြင့် ကဏ္ဍတစ်ခုစီ အတွက် မေးခွန်း (10) ခုစီကို ဖြေဆိုပြီး ၎င်းတို့၏ ဘာသာစကား ကျွမ်းကျင်မှုကို ဆန်းစစ်ကာ အသုံးပြုနိုင်သည်။ M-Learning ဝန်ဆောင်မှုသည် HTML 5 နည်းပညာကို အသုံးပြုထားသော မိုဘိုင်းလ်ဝက်ဘ်ဆိုက်ကို အခြေခံ၍ ဝန်ဆောင်မှုပေးထားခြင်း ဖြစ်သောကြောင့် အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုနိုင်သော Android၊ iOS၊ Windows အစရှိသည့် operating စနစ်သုံး စမတ်ဖုန်းအားလုံးဖြင့် အသုံးပြုနိုင်သည်။

ထို့အပြင် အသုံးပြုသူများအနေဖြင့် ကွန်ပျုတာများ သို့မဟုတ် လက်ပ်တော့ပ်များမှတစ်ဆင့်လည်း Portal သို့ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သောကြောင့် cloud ကို အခြေခံထားသော အဆိုပါဝန်ဆောင်မှုကို MPT အသုံးပြုသူများအနေဖြင့် အဆင်ပြေလွယ်ကူစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည် ရယူအသုံးပြုမည့်သူများ အနေဖြင့် မည်သည့်ဖုန်းအမျိုးအစားဖြင့်မဆို Portal သို့ အကန့်အသတ်မရှိဝင်ရောက်ပြီး အင်္ဂလိပ်စာ သင်ခန်းစာများကို နေ့စဉ် စာတိုများ(SMS) ရယူခြင်းဖြင့် သင်ကြားနိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

စတင်သုံးစွဲသူများအားလုံးမှာ (1) ပတ်အကြာ အခမဲ့သုံးစွဲခွင့်ရရှိမည်ဖြစ်ကာ (1) ပတ်တာကာလ ကုန်ဆုံးချိန်တွင် နေ့စဉ်အသုံးပြုခ 158 ကျပ် (အခွန်အပါအဝင်) ကို ဖုန်းဘေလ်မှတစ်ဆင့် ကောက်ခံသွားမည်။ M-Learning Portal ဘာသာစကားသင်ကြားသည့် ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် သုံးစွဲသူများအနေဖြင့် 8282 သို့ “ON” ဟု စာတို (SMS) ပေးပို့ရမည်ဖြစ်ကာ မည်သို့အသုံးပြုရမည်ဟူသော အချက်များနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက http://engclass.up.st/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com