LG က သူ့စမတ်ဖုန်းများရဲ့ အထင်ကရစွမ်းဆောင်ချက်များပါ ပြီး ဈေးနှုန်းသက်သာတဲ့ Q Series စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချပေးနေပါတယ် ။ မကြာမီကလည်း Q6 Series များကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Q8 ကိုကြေညာလိုက်ပါတယ်။ဒီဇိုင်းပိုင်းအရLG Q8 ဟာV20ရဲ့အရွယ်သေးမော်ဒယ်ဖြစ်ပါတယ်။
LG Q8 မှာ ၅.၂ လက်မ QHD Quantum IPS LCD Display တပ်ဆင်ထားပြီး Gorilla Glass 4 ဖြင့်ကာကွယ်ထားပါတယ်။တစ်လက် မလျှင် Pixel သိပ်သည်းဆမှာ 554 ဖြစ်ပါတယ်။ ဒုတိယ မျက်နှာပြင်ငယ်လေးတစ်ခုကို Screen ရဲ့ထိပ်မှာတပ်ဆင်ထားပြီး V20 မှာလိုမျိုး Always-on Display ဖြစ်ပါတယ်။ ယခုခေတ်ပေါ်စမတ်ဖုန်းများမှာ လိုပဲ LG Q8 မှာ အနောက်ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး13MP Camera နဲ့ 135 ဒီဂရီ မြင်ကွင်းကျယ်ဓါတ်ပုံများရိုက်ကူးပေးတဲ့ 8MP Camera တို့ ဖြစ်ကြပါတယ်။
13MP Camera မှာOptical Image Stabilizationနည်းပညာပါပါတယ်။အရှေ့ဘက်မှာ 5MP Camera ပါပါတယ်။ Qualcomm Snapdragon 820 Chipset မောင်းနှင်မှာဖြစ်ပါတယ်။And roid 7.0 Nougat ကိုLG UX 5.0ဖြင့်ပေါင်းစပ်ထားပါတယ်။ 4GB RAM, 32GB Internal Storage ထည့်သွင်းထားပြီး microSD စိုက်နိုင်ပါတယ်။ 3000mAh Battery တပ်ဆင်ထားပါတယ်။ Wi-Fi a/b/g/n/ ac
dual-band; Bluetooth 4.2များကိုထောက်ပံ့ပါတယ်။
လက်ဗွေရာအာရုံခံကိရိယာနဲ့USB-C ပါပါတယ်။ အရွယ်အစားအပြည့်အစုံမှာ 149 x 71.9 x
8mm; 146 g ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ရောင်းချမယ့်အချိန်ကို မသိရသေးပါဘူး။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
LG Q8 မှာ ၅.၂ လက်မ QHD Quantum IPS LCD Display တပ်ဆင်ထားပြီး Gorilla Glass 4 ဖြင့်ကာကွယ်ထားပါတယ်။တစ်လက်
13MP Camera မှာOptical Image Stabilizationနည်းပညာပါပါတယ
NetGuide Journal (Every Wednesday)
https://www.facebook.com/