8/02/2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: 2 people, people smiling, phone

မေး - အစ်ကိုရေ Mi Note 4X ဖုန်းမှာ FB ကို မြန်မာစာမမှန်လို့ ဘယ်လိုလုပ်ရမလဲ။
ဖြေ - တခြားနေရာမှာရော မြန်မာစာတွေ အသုံးပြုလို့ရလား။ ဒါမှမဟုတ် FB မှာပဲ မြန်မာစာဖတ်လို့မရတာလား။ တကယ်လို့ တခြားနေရာတွေမှာ မြန်မာစာအသုံးပြုလို့ရပြီး FB မှာပဲ သုံးလို့မရတာဆိုရင် Myanmar FB Font v1.apk လေးကို Download ချပြီး Install လုပ်ပြီး သုံးကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။

မေး - အစ်ကိုရေ Sony C6602 က ဘာမော်ဒယ်လဲခင်ဗျာ။
ဖြေ - Sony C6602 က Sony Xperia Z ပါခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Power ဖွင့်ဖွင့်ခြင်းကို Touch က ဆွဲရတယ်။ ခဏနေရင် Touch က ဟိုပြေး ဒီပြေး ဖြစ်နေတယ်။ ဘာဖြစ်တာလဲဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အရင်ဆုံး Touch အသစ်တစ်ခုနဲ့ စမ်းကြည့်ပါ။ မရရင်တော့ Software နှင့် Firmware ရေးကြည့်ပါ။ မရရင်တော့ Hardware နဲ့ Touch ပိုင်းကို စစ်ကြည့်ရမှာပါ။

မေး - အစ်ကိုရေ Sony C2305 က ဘာမော်ဒယ်လဲခင်ဗျာ။
ဖြေ - Sony C2305 က Sony Xperia C ပါခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Vivo Y15s ပါဗျာ။ LCD (Display) က အဖြူဗျောက်တွေ ထနေလို့ပါ။ နောက်ပြီး Mice နဲ့ Charging လဲ မရဘူး။ အားမ၀င်လို့ပါဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကိုရေ သုံးနေရင်းနဲ့ ဖြစ်တာလားဗျာ။ LCD (Display) အရင်လဲရမယ်ဗျာ။ Charging အားမ၀င်တာ USB ခေါင်းကြောင့် ဖြစ်နိုင်ပါတယ်။ လဲရပါမယ်ဗျာ။ ပထမဆုံး Software အရင်ရေးကြည့်ပါ။ မရရင်တော့ စက်ပြားအောက်ခြမ်း လဲရမှာပါ။ Y15 ရဲ့ အောက်ခြမ်းကို လဲမယ်ဆိုရင် အစ်ကိုပြောတဲ့ Error တတ်ပါတယ်။ စက်ပြားအောက်ခြမ်းမကိုက်တာ ဖြစ်နိုင်ပါတယ်။ Mice ရော Charging ရောဖြစ်တာ LCD (Display) ဖွေးတာကတော့ စက်ပြားအောက်ခြမ်းမကိုက်ရင် ဖြစ်တတ်ပါတယ်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Power နှိုးလိုက်ရင် အလင်းခဏထွက်ပြီး ပြန်ပျောက်သွားတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က Back Light Section က Short ဖြစ်နေတာပါ။ Back Light ပိုင်းကို စစ်ပေးရပါမယ်။

မေး - Android Phone တွေမှာ Root လုပ်ပြီး Myanmar Font ထည့်တာနဲ့ Root မလုပ်ဘဲ Myanmar Font ထည့်တာ ဘာကွာခြားချက်ရှိသလဲအစ်ကို။
ဖြေ - ဟုတ်ကဲ့။ Android Phone တွေမှာ Root မလုပ်ဘဲ Myanmar Font ထည့်တဲ့အခါ Message နဲ့ Contacts လောက်ပဲ အဆင်ပြေပါတယ်။ Facebook တို့၊ Browser တို့မှာတော့ Myanmar Font အဆင်ပြေပြေ ဖတ်လို့ရမှာမဟုတ်ပါဘူး။ Root လုပ်ပြီး Myanmar Font ထည့်ရင်တော့ နေရာတိုင်းမှာ အဆင်ပြေပြေဖတ်နိုင်၊ အသုံးပြုနိုင်ပါတယ်။

မေး - iPhone ကို Jailbreak မလုပ်ဘဲ မြန်မာစာရနိုင်မလား။
ဖြေ - ဟုတ်ကဲ့။ ရပါတယ်ခင်ဗျာ။ TT Keyboard နဲ့ TTA Font ဆိုတဲ့ ipa နှစ်ခုကို အရင် Down ထားရမှာပါ။ ပထမဆုံး TTA Font ကို ဖွင့်လိုက်ပါ။ ပြီးရင် Zawgyi One TTF ကို ရွေးပြီးနှိပ်လိုက်ပါ။ Install ကိုနှိပ်ပြီး Done ကိုနှိပ် Home Key နဲ့ပြန်ထွက်ပါ။ ပြီးရင် TT Keyboard ကို Install လုပ်ပါ။ နောက်တစ်ခုက Keyboard Add ဖို့ပါ။ Setting > General > Keyboard > Keyboards > Add New Keyboard မှာ ခုနက Install လုပ်ထား တဲ့ TT Keyboard ကို Add ပေးလိုက်ရင် မိမိရဲ့ iPhone မှာ Jailbreak မလိုဘဲ မြန်မာစာရပါပြီခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ရဲ့ iPhone 5 က Network Searching ပဲ ပြနေပါတယ်အစ်ကို။ လိုင်းလဲမမိပါဘူး။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ အကြံလေးပေးပါဦး။
ဖြေ - iPhone 5 တွေ Network မှာ Searching ပဲပေါ်နေတဲ့အခါ မိမိရဲ့ iPhone ကို ကွန်ပျူတာမှာ iTunes နဲ့ ချိတ်လိုက်ပါ။ Reboot ကျပြီး ပြန်တက်လာရင် လိုင်းပြန်တက်နေတာ တွေ့ရပါမယ်။ တကယ်လို့ အထက်က နည်းနဲ့မရခဲ့ရင်တော့ Setting > General > Reset > Reset Network Settings ကိုဝင်ပြီး Reset ချပါ။ အထက်ပါနည်း 2 နည်းနဲ့ အဆင်မပြေခဲ့ရင် တတိယနည်းက Firmware အသစ်တစ်ခု Restore လုပ်ပါ။ အပေါ်က နည်း 3 ခုလုံး အဆင်မပြေဘူးဆိုရင်တော့ Hardware Error ဖြစ်တဲ့အတွက် Service ဆိုင်တွေမှာပဲ အပ်လိုက်ပါ။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com